ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဆက်လက် ပို့ဆောင်
နေပြည်တော်၊ အောက်တိုဘာ - ၇
ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့် စောင့် ကြည့် ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရေှာက်မှု လုပ်ငန်းများကို တပ်မတော်သားဆရာ၀န်များ၊ ကျန်းမာရေး၀န်ထမ်းများ၊ လူမှုရေး အသင်း အဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ် ငန်းများတွင် အထောက်အကူဖြစ် စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များအား သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော် လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန် မြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသို လှောင်ခန်းတွင်ထားရှိသော ဆေးတစ်လုံးလျင် လူ ၅ ဉီးထိုးနှံနိုင်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဆေးများအား မြစ်ကြီးနားမြို့သို့ ဆေးအလုံးပေါင်း (၂၈၀၀)လုံး၊ စစ်တွေမြို့သို့ ဆေးအလုံးပေါင်း (၁၁၈၀၀)၊ သံတွဲမြို့သို့ ဆေးအလုံးပေါင်း (၈၂၀၀)၊ လားရှိုးမြို့သို့ ဆေးအလုံးပေါင်း(၁၀၀၀၀)၊ လွိုင်ကော်မြို့သို့ ဆေးအလုံးပေါင်း (၁၈၀၀)၊ မြိတ်မြို့သို့ ဆေးအလုံးပေါင်း(၈၀၀၀)၊ ထားဝယ်မြို့သို့ ဆေးအလုံးပေါင်း (၈၀၀၀)နှင့် ကော့သောင်မြို့သို့ ဆေးအလုံးပေါင်း (၄၀၀)တို့ကို မင်္ဂလာဒုံလေတပ် စခန်းဌာနချုပ်မှ တပ်မတော်(လေ) ပို့ဆောင်ရေး လေယာဉ်များဖြင့် ပို့ဆောင် ပေးခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။