ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများ ပြည်ပမှ တင်သွင်းနိုင်ရေးအတွက် ပိတ်ရက်မရှိဆောင်ရွက်ပေးလျက်ရှိ

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများ ပြည်ပမှ တင်သွင်းနိုင်ရေးအတွက် ပိတ်ရက်မရှိဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်  သြဂုတ်  ၁၇

စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာပစ္စည်းများကို အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊  ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ စဉ်ဆက်မပြတ် အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက်  ပိတ်ရက်မရှိ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ  ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ  Oxygen Concentrator  ၁၃၇၇ ခု၊ PPE ဝတ်စုံ ၄၃၂၈ စုံ၊ လက်အိတ် ၁ တန်နှင့် နှာခေါင်းစည်း

(Mask) ၂၅ တန်၊ ဆိပ်ကမ်းများမှ Oxygen Plant ၁ ခုအပါအဝင် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ ထီးခီး ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင်(အရည်) ဘောက်ဆာယာဉ် ၈ စီးဖြင့် ၁၄၉ တန်၊ အောက်ဆီဂျင်(အရည်)အိုးဖြင့် ၃၁ တန်၊ အောက်ဆီဂျင်(အရည်) Storage Container ၄ ခု၊  အောက်ဆီဂျင်အိုး(အခွံ) ၅ဝ၁၄ ခု၊ Oxygen Plant၄ ခု၊ အောက်ဆီဂျင် (Generator) ၁ ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ၃၇၃၅ ခု၊ PPE ဝတ်စုံ ၂၅၅၂၈ စုံ၊ လက်အိတ် ၁ တန်နှင့် နှာခေါင်းစည်း (Mask) ၈၆ တန်တင်သွင်းနိုင်ခဲ့သည်။ အထက်ပါ ပစ္စည်းများအား ကုမ္ပဏီ  ၃၁ ခုမှ ယာဉ်စီးရေ ၇၂ စီးဖြင့် တင်သွင်းလာခြင်းဖြစ်သည်။

သြဂုတ်လအတွင်း ယာဉ်စီးရေ ၉၄၄ စီး ဖြင့် အောက်ဆီဂျင်(အရည်) ယာဉ် ဖြင့် ၉၄၇ တန်၊ အောက်ဆီဂျင်(အရည်)အိုးဖြင့်  ၂၁၉ တန်၊ အောက်ဆီဂျင်(ဓာတ်ငွေ့)အိုးဖြင့် ၇၂ တန်၊ အောက်ဆီဂျင် (အရည်) Storage Container  ၁၂ ခု၊ အောက်ဆီဂျင် (အရည်) Distributor ၆ ခု၊ အောက်ဆီဂျင်(အိုးခွံ) ၁၁၁၉၁၉ ခု၊ Oxygen Plant ၂၆ ခု၊ ဆေးရုံသုံးအောက်ဆီဂျင်ဖြည့်စက် ၂ ခု၊ အောက်ဆီဂျင (Generator) ၁၁ ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ၇၇၆၃၉ ခု၊ Test Kit ၁၅၁ဝ၄၈ ခု၊ PPE ဝတ်စုံ  ၅၂၂၁၉ဝ ၊ လက်အိတ် ၈၃ တန်နှင့် နှာခေါင်းစည်း (Mask) ၁၁၉၁ တန် တင်သွင်း ခွင့်ပြုခဲ့ပြီးဖြစ်သည်။

၂ဝ၂၁ ခုနှစ် ဇူလိုင် ၁ ရက်မှ သြဂုတ် ၁၇ ရက်အထိ    ပြည်ပမှ တင်သွင်းလာသည့် အောက်ဆီဂျင်အရည် ဘောက်ဆာ ယာဉ် စုစုပေါင်း ၈၇  စီးမှာ ရန်ကုန်မြို့သို့ ၆၅ စီး၊ မန္တလေးမြို့သို့ ၁၅ စီး၊ မော်လမြိုင်မြို့သို့ ၄ စီး၊ ပဲခူးမြို့သို့ ၂ စီး၊ သထုံမြို့သို့ ၁ စီးဖြစ်ကြောင်း သိရှိရပါသည်။ Oxygen Plant စုစုပေါင်း ၃၄ ခုမှာ လားရှိုးမြို့သို့ ၅ ခု၊ ရန်ကုန်မြို့သို့ ၅ ခု၊ ပဲခူးမြို့သို့ ၄ ခု၊ မန္တလေးမြို့သို့ ၄ ခု၊ ကျောက်ပန်းတောင်းမြို့သို့ ၃ ခု၊ ပခုက္ကူမြို့သို့ ၂ ခု၊ ဘားအံမြို့သို့ ၂ ခု၊ မော်လမြိုင်မြို့သို့ ၂ ခု၊ တောင်ကြီး၊ သံဖြူဇရပ်၊ မကွေး၊ ထားဝယ်၊ ဝါးခယ်မ၊ မြစ်သားနှင့် မိုးကောင်းမြို့များသို့ ၁ ခုစီဖြစ်ကြောင်း သိရှိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ပစ္စည်းများကို သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက် ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်း နှင့်ဆက်စပ်သည့်  အသိပေးကြေညာချက်များကိုလည်း အများပြည်သူများ သိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။