အောင်လံ၊ လူမှုရေး
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် သြဂုတ် ၁၇ ရက်နံနက်ပိုင်းက လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ အောင်လံမြို့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကော်မတီဝင်များနှင့်တွေ့ဆုံ၍ အောင်လံမြို့နယ် ကိုဗစ်ကာကွယ် ထိန်းချုပ် ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ် ၇၅ သိန်းနှင့် အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောက်ဆီဂျင်စက်ရုံ တည်ဆောက်မည့်နေရာသို့သွားရောက်ပြီး စက်ရုံတည်ဆောက်နေမှု အခြေ အနေများအား ကြည့်ရှုစစ်ဆေးကာ လျှပ်စစ်မီးရရှိရေးဆောင်ရွက်ရန်နှင့် မီးပြတ်တောက်မှုလျော့နည်းစေရေးအတွက် သီးခြား လိုင်းဖြင့်ဆောင်ရွက်ရန် မှာကြားခဲ့ပြီး ဆေးရုံကြီးအတွင်းရှိ Positive Center နှင့် မြို့နယ်အားကစားရုံ အောင်မြေရွှေဝါခန်းမ၌ ဖွင့်လှစ်ထားရှိသည့် Positive Center တို့သို့သွားရောက်ကာ လူနာ ၇၄ ဦးအတွက် ခေါက်ဆွဲခြောက်နှင့်ကြက်ဥများ ထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။
မောင်ညီညာ(မကွေး)