ကောလင်း၊ ကျန်းမာရေး
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ နယ်၌ ထပ်မံရရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အလုံး ၅၀၀မှ ကျန်ရှိ သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား သြဂုတ် ၂၀ ရက် နံနက် ၉ နာရီတွင် မြို့နယ်ရဲစခန်းရှိ အကျဉ်းသား များနှင့် မြို့နယ်ပြည်သူ့ဆေးရုံ၌ အသက် ၆၅ နှစ်နှင့် အထက်သက်ကြီးရွယ်အိုများ၊ ဝန်ထမ်းများနှင့် ပြည်သူများအား ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ကောလင်းမြို့နယ်၌ ထပ်မံရရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အလုံး ၅၀၀ ကို သြဂုတ် ၁၉ ရက် နံနက် ပိုင်းမှစတင်၍ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ဝန်ထမ်းများနှင့်ပြည်သူများအား မြို့နယ်ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးခဲ့ရာ အမျိုးသား ကိုးဦး၊ အမျိုးသမီး ၁၆ ဦးစုစုပေါင်း ၂၅ ဦး၊ ယနေ့တွင် မြို့မရဲစခန်း၌ အချုပ်သား ၄၄ ဦးကို ထိုးနှံ ပေးခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံတွင်လည်းအသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများ၊ ဝန်ထမ်းများနှင့် ပြည်သူများအား ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီမှ သိရသည်။
ကောလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ်ကို စက်တင်ဘာ လတွင် ပြန်လည်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေး ကော်မတီမှ သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)