ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသရေးဆိုင်ရာ ဆေးဝါး၊ ဆေးပစ္စည်းများနှင့် ပတ်သက်၍ တိုက်ရိုက်ချိတ်ဆက် ဝယ်ယူနိုင်စေရန် တင်သွင်းဆေးဝါးများ၏ Price List များအား မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်း၏ Website နှင့် Facebook Page များတွင် ထုတ်ပြန်ကြေညာ

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသရေးဆိုင်ရာ ဆေးဝါး၊ ဆေးပစ္စည်းများနှင့် ပတ်သက်၍ တိုက်ရိုက်ချိတ်ဆက် ဝယ်ယူနိုင်စေရန် တင်သွင်းဆေးဝါးများ၏ Price List များအား မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်း၏ Website နှင့် Facebook Page များတွင် ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်

နေပြည်တော်  သြဂုတ်  ၂၃

မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်းသည် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ကုသရေးဆိုင်ရာ ဆေးဝါး၊ ဆေး ပစ္စည်းမျိုးစုံတို့ကို အများပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် တင်သွင်းသူများထံမှ တိုက်ရိုက် ဝယ်ယူရရှိနိုင်ရန် အတွက် လည်းကောင်း၊  အရည်အသွေး စစ်မှန်၍ ယုံကြည်စိတ်ချရသော မှတ်ပုံတင်ရှိ ဆေးဝါး၊ ဆေးပစ္စည်းများကို  တင်သွင်းသည့် ကုမ္ပဏီများထံမှ တိုက်ရိုက် ဝယ်ယူနိုင်စေရန်အတွက် လည်းကောင်း၊  အများပြည်သူများ  ဆေးဝါး၊ ဆေးပစ္စည်းများ လက်လီဝယ်ယူရာတွင် တင်သွင်းသော ကုမ္ပဏီများမှ ရောင်းဈေးနှင့် နှိုင်းယှဉ်လျှင် အလွန်အမင်း ဈေးကြီးပေး၍ ဝယ်ယူနေရ ခြင်းကို  လျှော့ချတားဆီးနိုင်ရန် အတွက် လည်းကောင်း၊ တရားမဝင် online များမှ အမြတ်ကြီးစား ရောင်းချသည့်မှတ်ပုံတင် မရှိသော၊ အရည်အသွေး အာမခံချက်မရှိသော ဆေးဝါး၊ ဆေးပစ္စည်းများကို တားဆီးရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် လည်းကောင်း အစရှိသည့် ရည်ရွယ်ချက် ကောင်းများစွာဖြင့် အောက်ဖော်ပြပါ ဆေးဝါး များအား ယှဉ်တွဲပါ ဈေးနှုန်းများအတိုင်း ရောင်းချပေးလျက်ရှိပါသည်။  ၎င်းအပြင် အသင်းဝင်ဆေးဝါး တင်သွင်းသည့် ကုမ္ပဏီ များထံမှ  မိဘပြည်သူများ  တိုက်ရိုက်ချိတ်ဆက် ဝယ်ယူနိုင်စေရန် တင်သွင်းဆေးဝါးများ၏ Price List များအားစုစည်း၍ ယနေ့မှစပြီး    တစ်ပတ်လျှင် တစ်ကြိမ် အသင်း၏ Website(www.mccpmd.org)နှင့် Facebook Page https://www.facebook.com/323302521392189/posts/1720802588308835/?d=n  များတွင် ကြေညာ ပေးသွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။