နေပြည်တော် သြဂုတ် ၁၈
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို အများ ပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် ပိတ်ရက်မရှိ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Oxygen Concentrator ၁၃၃၂ ခု၊ နှာခေါင်းစည်း (Mask) ၁၂ တန်၊ ဆိပ်ကမ်းများမှ အောက်ဆီဂျင်(အိုးခွံ) ၃၃၆၀၊ Oxygen Plant ၆ ခု၊ Oxygen Concentrator အခု ၁၅၀၊ နှာခေါင်းစည်း(Mask) ၄ တန်အပါအဝင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ ထီးခီးကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင်(အရည်) ဘောက်ဆာယာဉ် ၂ စီးဖြင့် တန် ၄၀၊ အောက်ဆီဂျင်(အရည်)အိုးဖြင့် ၂၈ တန်၊ အောက်ဆီဂျင်အိုး(အခွံ) ၉၂၈၁ လုံး၊ Oxygen Plant ၆ ခု၊ အိမ်သုံးအောက်ဆီဂျင်စက်(Oxygen Concentrator)၂၆၉၈ ခု၊ PPE ဝတ်စုံ ၂၄၄၇၅ စုံနှင့် နှာခေါင်းစည်း (Mask) ၈၇ တန် တင်သွင်းနိုင်ခဲ့သည်။ အထက်ပါပစ္စည်းများကို ကုမ္ပဏီ ၁၉ ခုမှ ယာဉ်စီးရေ ၄၃ စီးဖြင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။
သြဂုတ်လအတွင်း ယာဉ်စီးရေ ၉၈၇ စီးဖြင့် အောက်ဆီဂျင်(အရည်) ဘောက်ဆာယာဉ်ဖြင့် ၉၈၆ တန်၊ အောက်ဆီဂျင်(အရည်)အိုးဖြင့် ၂၄၇ တန်၊ အောက်ဆီဂျင် (ဓာတ်ငွေ့)အိုးဖြင့် ၇၂ တန်၊ အောက်ဆီဂျင် (အရည်) Storage Container ၁၂ ခု၊ အောက်ဆီဂျင်(အရည်) Distributor ၆ ခု၊ အောက်ဆီဂျင်(အိုးခွံ) အခု ၁၂၁၂၀၀၊ Oxygen Plant ၃၂ ခု၊ ဆေးရုံသုံးအောက်ဆီဂျင်ဖြည့်စက် ၂ ခု၊ အောက်ဆီဂျင်(Generator) ၁၁ ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ၈၀၃၃၇ ခု၊ Test Kit ၁၅၁၀၄၈ ခု၊ PPE ဝတ်စုံ ၅၄၆၆၆၅ စုံ၊ လက်အိတ် ၈၃ တန်နှင့် နှာခေါင်းစည်း(Mask) ၁၂၇၈ တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။
၂၀၂၁ ခုနှစ် ဇူလိုင် ၁ ရက်မှ သြဂုတ် ၁၈ ရက်အထိ ပြည်ပမှတင်သွင်းလာသည့် အောက်ဆီဂျင်အရည် ဘောက်ဆာယာဉ် စုစုပေါင်း ၈၉ စီးတွင် ရန်ကုန်မြို့သို့ ၆၇ စီး၊ မန္တလေးမြို့သို့ ၁၅ စီး၊ မော်လမြိုင်မြို့သို့ ၄ စီး၊ ပဲခူးမြို့သို့ ၂ စီး၊ သထုံမြို့သို့ ၁ စီး ဖြစ်ကြောင်း သိရှိရသည်။ Oxygen Plant စုစုပေါင်း ၄၀ တွင် ရန်ကုန်မြို့သို့ ၁၁ ခု၊ လားရှိုးမြို့သို့ ၅ ခု၊ ပဲခူးမြို့သို့ ၄ ခု၊ မန္တလေးမြို့သို့ ၄ ခု၊ ကျောက်ပန်းတောင်းမြို့ သို့ ၃ ခု၊ ပခုက္ကူမြို့သို့ ၂ ခု၊ ဘားအံမြို့သို့ ၂ ခု၊ မော်လမြိုင်မြို့သို့ ၂ ခု၊ တောင်ကြီး၊ သံဖြူဇရပ်၊ မကွေး၊ ထားဝယ်၊ ဝါးခယ်မ၊ မြစ်သားနှင့် မိုးကောင်းမြို့တို့သို့ ၁ ခုစီဖြစ်ကြောင်း သိရသည်။
(၅၀၀)