ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၂၁၇၃ ဦးထပ်တိုး

နေပြည်တော်  သြဂုတ်  ၂၂

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉  သံသယလူနာများ၊   ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွား အလာကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ (၂၁-၈-၂၀၂၁)ရက် ည ၈ နာရီမှ (၂၂-၈-၂၀၂၁)ရက် ည ၈ နာရီအတွင်း  ဓာတ်ခွဲနမူနာစုစုပေါင်း ၈၉၉၁ ခုအားစစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၁၇၃ ဦးတွေ့ရှိရသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၃၄၂၆၂၀၉ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၃၇၃၆၈၅ ဦးရှိပြီဖြစ်သည်။

ယနေ့တွင်   ဆေးရုံဆင်းခွင့်ရရှိသူ ၃၅၃၇ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၂၉၈၈၇၅ ဦး  ဆေးရုံမှဆင်းခွင့်ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၁၃၈ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၄၃၇၄ ဦးရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များ တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေး လျက်ရှိရာ (၂၁-၈-၂၀၂၁) ရက်အထိ လူဦးရေစုစုပေါင်း ၄၄၅၆၈၅၇ ဦးအား ထိုးနှံပေးပြီးဖြစ်ပြီး ကာကွယ်ဆေး နှစ်ကြိမ် အပြည့်ထိုးနှံပြီးစီးသူ ၁၇၉၆၈၃၀ ဦးနှင့်

ပထမအကြိမ် ထိုးနှံပြီးစီးသူ ၂၆၆၀၀၂၇ ဦးရှိပြီဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် “ရုံးလုပ်ငန်းဌာနများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရန်အတွက် ဆောင် ရွက်ရမည့် လုပ်ငန်းလမ်းညွှန်”နှင့် “တစ်ဦးကိုတစ်ဦး အသိပေးခြင်း/သတိပေးခြင်းမိသားစုစီမံချက်” အတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများအား အသိပေးခြင်းနှင့်   သတိပေးခြင်းတို့ကို   လူတိုင်း၊ မိသားစုတိုင်းမှ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်   မေတ္တာရပ်ခံပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာသတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်အင်တာနက်စာမျက်နှာ www. mohs.gov.mm  တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။     

 (၅၀၀)