ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၂၆၈၈   ဦးထပ်တိုး

ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၂၆၈၈   ဦးထပ်တိုး

နေပြည်တော်  သြဂုတ်  ၂၇

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ် ထားရှိသူများအား  ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ (၂၆-၈-၂ဝ၂၁)ရက် ည ၈ နာရီ မှ (၂၇-၈-၂ဝ၂၁)ရက် ည ၈ နာရီအတွင်း   ဓာတ်ခွဲနမူနာစုစုပေါင်း ၁၃၆ဝ၅ ခုအား စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၆၈၈ ဦးတွေ့ရှိရသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၃၄၈၄၉၉၉ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၃၈၆၂ဝ၂ ဦးရှိပြီဖြစ်သည်။

ယနေ့တွင်   ဆေးရုံဆင်းခွင့်ရရှိသူ ၂၆၇၆ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၃၄ဝ၈၂၄ ဦး  ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၁၁၈ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၄၉၆၈ ဦးရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက   သတင်းထုတ်ပြန်ထားသည်။