ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၃၃ဝ၆ ဦး ထပ်တိုး

နေပြည်တော်  သြဂုတ်  ၁၇

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ သံသယ လူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ (၁၆-၈-၂ဝ၂၁)ရက် ည ၈ နာရီမှ (၁၇-၈-၂ဝ၂၁)ရက် ည ၈ နာရီအတွင်း  ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၃၄၂၂ ခုအား စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၃၃ဝ၆ ဦး တွေ့ရှိရသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၃၃၇၁၆၃၄ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၃၆ဝ၂၉၁ ဦးရှိပြီဖြစ်သည်။

ယနေ့တွင်   ဆေးရုံဆင်းခွင့်ရရှိသူ ၃၉၇၂ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၂၇၉၄၈၈ ဦး  ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၁၇၈ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၃၆၂၃ ဦး ရှိသည်။  ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ''ရုံးလုပ်ငန်းဌာနများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် အတွက် ဆောင် ရွက်ရမည့် လုပ်ငန်းလမ်းညွှန်''နှင့် ''တစ်ဦးကို တစ်ဦး အသိပေးခြင်း/သတိပေးခြင်း မိသားစုစီမံချက်''အတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများအား အသိပေးခြင်းနှင့် သတိပေးခြင်းတို့ကို လူတိုင်း၊ မိသားစုတိုင်းမှ တက်ြကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေး ဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www. mohs.gov.mmတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။