ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၃၆၁၁ ဦးထပ်တိုး

ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၃၆၁၁ ဦးထပ်တိုး

နေပြည်တော်  သြဂုတ်  ၉

ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် ကိုဗစ်-၁၉ ရောဂါစောင့်ကြပ် ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌  ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ်  ၃၆၁၁ ဦးနှင့် ထပ်မံသေဆုံးသူ ၂၃၈ဦး ရှိကြောင်း သိရသည်။             

(၈-၈-၂ဝ၂၁)ရက်  ည  ၈ နာရီမှ (၉-၈-၂ဝ၂၁)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၂၁၉၁ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် ၃၆၁၁ ဦးတွေ့ရှိရသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၃၂၆၉၇၈ဝ ခုအား  စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၃၃၃၁၂၇ ဦးရှိပြီဖြစ်သည်။

ယနေ့တွင်    ဆေးရုံဆင်းခွင့်ရရှိသူ ၅၉ဝ၂ ဦးဖြစ်သဖြင့် ယနေ့အထိစုစုပေါင်း ၂၄၉၆၃၃   ဦး  ဆေးရုံမှဆင်းခွင့်ရရှိပြီး ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၂၃၈ ဦးရှိသဖြင့်  ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၂ဝ၁၄ ဦး ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။