ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၄၄၃၄ ဦးထပ်တိုး

နေပြည်တော် သြဂုတ် ၁၀

ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ည၈ နာရီတွင် ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၄၄၃၄ ဦးနှင့်ထပ်မံသေဆုံးသူ ၂၂၀ ဦးရှိကြောင်း သိရသည်။

(၉-၈-၂၀၂၁)ရက် ည ၈ နာရီမှ(၁၀-၈-၂၀၂၁)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၄၄၅၇ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၄၄၃၄ ဦးတွေ့ရှိရသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၃၂၈၄၂၃၇ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၃၃၇၅၆၁ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ၃၆၈၀ ဦးဖြစ်သဖြင့် ယနေ့အထိစုစုပေါင်း၂၅၃၃၁၃ ဦး ဆေးရုံမှဆင်းခွင့်ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့်ထပ်မံသေဆုံးသူ ၂၂၀ ဦးရှိသဖြင့် ယနေ့အထိသေဆုံးသူစုစုပေါင်း ၁၂၂၃၄ ဦးရှိကြောင်းကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

 (၅၀၀)