ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၆၀၉၃  ဦးထပ်တိုး

ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၆၀၉၃  ဦးထပ်တိုး

နေပြည်တော်  ဇူလိုင်  ၂၁

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က   ယနေ့ည ၈ နာရီတွင်  ကိုဗစ်-၁၉  ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ ကိုဗစ်-၁၉  ရောဂါပိုးတွေ့ လူနာသစ် ၆၀၉၃ ဦးနှင့် ထပ်မံသေဆုံးသူ  ၂၄၇ ဦးရှိကြောင်း သိရသည်။             

(၂၀-၇-၂၀၂၁)ရက် ည ၈ နာရီမှ (၂၁-၇-၂၀၂၁)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၆၅၉၀ ခုအား စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ  ဓာတ်ခွဲအတည်ပြု လူနာသစ် ၆၀၉၃  ဦးတွေ့ရှိရသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲ နမူနာစုစုပေါင်း   ၃၀၁၈၄၂၃  ခုအား  စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၂၄၆၆၆၃  ဦးရှိပြီဖြစ်သည်။

ယနေ့တွင်  ဆေးရုံဆင်းခွင့်ရရှိသူ ၃၆၀၈ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း  ၁၇၀၇၇၉ ဦး ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။  ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံး သူ ၂၄၇ ဦးရှိသဖြင့် ယနေ့အထိသေဆုံးသူ စုစုပေါင်း ၅၈၁၄ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက  သတင်းထုတ်ပြန်ထားသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏   တရားဝင် အင်တာနက်စာမျက်နှာ    www.mohs.gov.mm  တွင်   ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။