ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် ၁၅၄၂ ဦး ထပ်တိုး

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် ၁၅၄၂ ဦး ထပ်တိုး

နေပြည်တော်  စက်တင်ဘာ ၂၉

ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉  သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ် ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ  ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက် ရှိရာ (၂၈-၉-၂ဝ၂၁)ရက် ည ၈ နာရီမှ (၂၉-၉-၂ဝ၂၁)ရက် ည ၈ နာရီအတွင်း  ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၈၇ဝ၂ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၅၄၂ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှုရာခိုင်နှုန်းမှာ ၈ ဒသမ ၃ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍  ယနေ့အထိ  ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၂၉၉၅၄၇ ခုအား   စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၄၆၂၆ဝ၈ ဦး ရှိပြီဖြစ်သည်။

ယနေ့တွင်ဆေးရုံဆင်းခွင့် ရရှိသူ ၁၅၅၁ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၄၁၆၉၂၇ ဦး ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၅၁ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၇၆၈၂ ဦးရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက်   တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၂၈-၉-၂ဝ၂၁) ရက်အထိ လူဦးရေစုစုပေါင်း ၇၇၉၉၄၈၉ ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးစီးသူ ၃၇၉ဝ၇၅၂ ဦးနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ  ၄ဝဝ၈၇၃၇ ဦး ရှိပြီဖြစ်သည်။

သို့ဖြစ်ပါ၍ (၂၈-၉-၂ဝ၂၁)ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း ၁၁၅၉ဝ၂၄၁ ကြိမ် ထိုးနှံပြီးဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ''ရုံးလုပ်ငန်းဌာနများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်''နှင့်''တစ်ဦးကိုတစ်ဦး အသိပေးခြင်း၊ သတိပေးခြင်း မိသားစု စီမံချက်''အတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများအား အသိပေးခြင်းနှင့် သတိပေးခြင်းတို့ကို လူတိုင်း၊ မိသားစုတိုင်းမှ တက်ကြွစွာပူးပေါင်း ပါဝင်ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေး ဝန်ကြီးဌာန၏ တရားဝင်အင်တာနက် စာမျက်နှာ www.mohs.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ကြောင်း  ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။