ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် ၁၆၈၇ ဦး ထပ်တိုး

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် ၁၆၈၇ ဦး ထပ်တိုး

နေပြည်တော်  စက်တင်ဘာ  ၂၁

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉  သံသယလူနာများ၊ ဓာတ်ခွဲ အတည်ပြု လူနာနှင့်   အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ် ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား   ပုံမှန်ဆောင်ရွက်လျက် ရှိရာ (၂ဝ-၉-၂ဝ၂၁)ရက် ည ၈ နာရီမှ (၂၁-၉-၂ဝ၂၁)ရက်  ည ၈ နာရီအတွင်း  ဓာတ်ခွဲနမူနာစုစုပေါင်း  ၂ဝ၅၈၈ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြု လူနာသစ်  ၁၆၈၇ ဦး တွေ့ရှိရသည်။

သို့ဖြစ်ပါ၍  ယနေ့အထိ  ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၁၄၈၂၄၉ ခုအား   စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၄၄၉၈၄၅ ဦး ရှိပြီဖြစ်သည်။

ယနေ့တွင်    ဆေးရုံဆင်းခွင့်ရရှိသူ ၂၁၅၂ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၄ဝ၂၃၂ဝ ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့်    ထပ်မံသေဆုံးသူ ၇၃ ဦးရှိသဖြင့်  ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၇၂ဝ၂ ဦး ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက   သတင်း ထုတ်ပြန်ထားသည်။