ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် တပ်မတော်သားများနှင့် စေတနာရှင် အလှူရှင်များက ကျန်းမာရေး အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်း
နေပြည်တော် သြဂုတ် ၂၃
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တပ်မတော်သားများနှင့် စေတနာရှင် အလှူရှင်များက ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများနှင့် အလှူငွေများ ပေးအပ် လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်အတွက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နှင့် စေတနာရှင်အလှူရှင်များက စုပေါင်းလှူဒါန်းသည့် Mask ၉၅ဝဝ ခု၊ PPE Level -2 ဝတ်စုံ ၁၈ဝ စုံ၊ ရေမလိုလက်သန့်ဆေးရည် ၄၈ ဘူး၊ ပိုးသတ်ဆေးရည် ၅ ဘူး၊ အရက်ပြန် ၅ ဂါလန်ပုံး ၂ ပုံးနှင့် အလှူငွေကျပ် ၅ သိန်းတို့အား နယ်မြေခံ တပ်မတော်သားများက လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် အတွက် အဆိုပါမြို့ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ VITAMIN D3 ဆေးရည်များအား စေတနာရှင် အလှူရှင်များက လည်းကောင်း ပေးအပ်လှူဒါန်းကြရာ သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ခဲ့ကြကြောင်း သတင်းရရှိသည်။