ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာသစ် ၂၆၇၄ ဦး ထပ်တိုး

ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာသစ် ၂၆၇၄ ဦး ထပ်တိုး

နေပြည်တော်  သြဂုတ်  ၁၅

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ သံသယ လူနာများ၊ ဓာတ်ခွဲ အတည်ပြု လူနာနှင့် အနီးကပ်ထိတွေ့ ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက် ရှိရာ (၁၄-၈-၂ဝ၂၁)ရက် ည ၈ နာရီ မှ (၁၅-၈-၂ဝ၂၁)ရက် ည ၈ နာရီအတွင်း  ဓာတ်ခွဲနမူနာ စုစုပေါင်း ၁ဝ၁ဝ၅ ခုအား စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၆၇၄ ဦး တွေ့ရှိရသည်။သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၃၃၄၆၉၆၅ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း ၃၅၄၂၇၉ ဦးရှိပြီဖြစ်သည်။

ယနေ့တွင်   ဆေးရုံဆင်းခွင့်ရရှိသူ ၃၄၈၈ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၂၇၁၂၂၈ ဦး  ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၁၈၅ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၃၂၆၃ ဦးရှိသည်။ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊   ကုသ၊  ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေး အတွက် ပြည်သူလူထုအနေဖြင့်  တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ခြင်း၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို   မဖြစ်မနေစနစ်တကျ တပ်ဆင်ခြင်း၊လက်ကိုမကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊  မိမိတို့နေအိမ်တွင်  အသက် ၆၅ နှစ်နှင့်အထက်  အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို၊ သွေးတိုး၊ နှလုံး   စသည့် နာတာရှည်ရောဂါတစ်ခုခု ခံစားနေရသူရှိပါက  ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်းကို   တပ်ဆင်ထားစေခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းတို့ကို အထူးဂရုပြုပူးပေါင်း ဆောင်ရွက်ကြပါရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။