ကိုယ်ဝန်ဆောင်မိခင်နှင့်  နှစ်နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ ပေးအပ်

ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များအတွက် လူမှုဝန်ထမ်းဦးစီးဌာန MCCTအစီအစဉ်ဖြင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၁၁ ရက်တွင် ကျေးရွာများအရောက် သွားရောက်ထောက်ပံ့ကြောင်း သိရသည်။

လူမှုဝန်ထမ်းဦးစီးဌာန၏ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ် ပထမသုံးလပတ်(အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)  သုံးလစာအတွက် ကိုယ်ဝန်ဆောင်မိခင်နှင့်  အသက်နှစ်နှစ်အောက် ကလေးငယ်များအား တစ်လလျှင် ငွေကျပ် ၁၅ဝဝဝ နှုန်းဖြင့် သုံးလစာငွေ ကျပ် ၄၅ဝဝဝ ကို မြို့ပေါ်ရပ်ကွက် နှစ်ရပ်ကွက်၊ ကျေးရွာအုပ်စု လေးအုပ်စုတို့မှ ကိုယ်ဝန်ဆောင်မိခင် ၉၆ ဦး၊   နှစ်နှစ်အောက်ကလေး  ၃၅၆ ဦးတို့ အတွက် စုစုပေါင်းငွေကျပ် ၁၈၇၃၅ဝဝဝ ကို မြို့နယ်အဆင့်   ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်  စာရေးဝန်ထမ်းများက   ကျေးရွာများအရောက် လိုက်လံထောက်ပံ့ကြောင်း သိရသည်။