ကေတုမတီမြို့၊ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်၌ ဝါဆိုဝါကပ်တော်မူကြသည့် သံဃာတော်များအား ပဝါရဏာပစ္စည်းလေးပါး လောင်းလှူပူဇော်ပွဲပြုလုပ်
နေပြည်တော်၊ အောက်တိုဘာ - ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့၊ သီတဂူကေတုမတီဗုဒ္ဓ တက္ကသိုလ်၊ ဝါဆိုဝါကပ်တော်မူကြသည့် သံဃာတော်များအား ပဝါရဏာပစ္စည်းလေး ပါး လောင်းလှူပူဇော်ပွဲကို ယနေ့တွင် ပြုလုပ်ရာ ပုရိမဝါမှထမြောက်ကြကုန်သော တောင်ငူမြို့နယ်၊ ကေတုမတီမြို့၊ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်နှင့် သာသနာ့သိပ္ပံ သာမဏေကျော်စာသင်တိုက်တို့တွင် ဝါဆိုဝါကပ်သီတင်းသုံးတော်မူကြသည့် ကေတု မတီမြို့၊ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်၊ ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တ တိက္ခသာရ အမှူးပြုသော သံဃာတော် ၃၀၀ ပါးနှင့် သာသနာ့နွယ်ဝင်သီလရှင်များ ကြွရောက် တော်မူကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စေတနာရှင်၊ အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် စေတနာရှင်၊ အလှူရှင် များက ပုရိမဝါမှ ထမြောက်ကြကုန်သော သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်နှင့် ပစ္စည်းလေးပါးလှူဖွယ်ပစ္စည်းများ ဆက်ကပ် လောင်းလှူပူဇော်ကြသည်။ ထို့နောက် သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်၊ ကျောင်းအုပ် ဆရာတော် ထံမှ အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေခဲ့ကြောင်း သတင်းရရှိသည်။