ကော့သောင်းမြို့၊ ခရိုင်/မြို့နယ်တရားရုံးအား မသမာသူအကြမ်းဖက်လူတစ်စုက လာရောက် မီးရှို့
နေပြည်တော်၊ မတ် - ၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ခရိုင်^မြို့နယ်တရားရုံးအား မသမာသူအကြမ်းဖက်လူတစ်စုက မီးရှို့ခဲ့ကြောင်း သိရှိရ သည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၁ နာရီ ၂၀ မိနစ်ခန့်တွင် ခရိုင်/မြို့နယ်တရားရုံးဝန်းအတွင်း ၌ ထိန်းသိမ်းထားရှိသော သိမ်းဆည်းရမိသက်သေခံပစ္စည်းများဖြစ်သည့် ဆိုင်ကယ်များအား မသမာသူအကြမ်းဖက်လူတစ်စုက လာရောက်မီးရှို့ခဲ့ရာမှ ဆိုင်ကယ်များ မီးလောင်ကျွမ်းခဲ့ပြီး ၎င်းမှတစ်ဆင့် တရားရုံးသို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။ မီးလောင်ကျွမ်းမှု အား မီးသတ်တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၁ စီးတို့ဖြင့် သွားရောက်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၅၀ မိနစ် ခန့်တွင် မီးငြိမ်း သွားခဲ့သည်။
မီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် သိမ်းဆည်းရမိသက်သေခံပစ္စည်းများဖြစ်သည့် ဆိုင်ကယ် ၇၀ စီး၊ မြို့နယ်တရားသူကြီးရုံးခန်း၊ ခရိုင်တရားသူကြီးရုံးခန်းတို့ မီးလောင်ပျက်စီး ခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။
ယခုကဲ့သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တရားဥပဒေမဲ့ လုပ်ရပ်များဆောင်ရွက်လာမှု အပေါ်တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရန် ဖြစ်စဉ်တွင် ပါဝင် ပတ်သက်သူများအား ဥပေဒအရအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။