ပေကျင်း၊ ကျန်းမာရေး
တရုတ်နိုင်ငံကျင်းတောင်မြို့ရှိ ရင်ခေါင်းဆေးရုံ တစ်ရုံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုဖြစ်ပွားပြီး နောက် တာဝန်ရှိသူများက တစ်မြို့လုံးကိုရောဂါစစ်ဆေးရာ လူ ၁၀ သန်းနီးပါးအနက် ၁၃ ဦးတွင်သာ ထိုရောဂါကူးစက်ခံရသည်ကို တွေ့ရကြောင်း သိရသည်။
ဆေးရုံ၌ ရောဂါကူးစက်ပျံ့နှံ့မှု ဖြစ်ပွားပြီးနောက် ငါးရက်အတွင်း လူပေါင်း ၉ ဒသမ ၉ သန်း၏နမူနာ များကိုရယူကာ စစ်ဆေးမှုများ လုပ်ဆောင်နိုင်ခဲ့ပြီး ယခုအခါရောဂါကူးစက်ခံရသူ ၁၃ ဦးကိုသာတွေ့ ရှိကြောင်း ဒုတိယမြို့တော်ဝန် လွမ်ရှင်းက အောက်တိုဘာ ၁၅ ရက်တွင် ပြောသည်။
အဆိုပါ ၁၃ ဦးအနက် ရှစ်ဦးမှာ ကျင်းတောင်ရင်ခေါင်းဆေးရုံ၌ကုသမှုခံယူနေသူများဖြစ်ပြီး တစ်ဦးမှာ လူနာတစ်ဦး၏ မိသားစုဝင်ဖြစ်ကြောင်းနှင့် အခြားလေးဦးမှာ ဆေးရုံနှင့်အလွန်နီးကပ်စွာ ထိတွေ့သူ များသာဖြစ်ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။
သို့သော် ကျင်းတောင်မြို့၌ ထိုသို့ဖြစ်ရသည့် အကြောင်းရင်းမှန်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု များ လုပ်နေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
ထိုဆေးရုံသည် ပြည်ပမှပြန်လာသည့် ကိုဗစ်-၁၉ လူနာများကို လက်ခံကုသပေးရာဆေးရုံဖြစ်ပြီး ရောဂါကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ တာဝန်ရှိသူများက ဆေးရုံအုပ်ကို အောက်တိုဘာ ၁၅ ရက်တွင် ရာထူးမှ ထုတ်ပယ်လိုက်သည်။
တာဝန်ရှိသူများသည် အောက်တိုဘာ ၁၄ ရက်တွင် ကျင်းတောင်မြို့ ကျန်းမာရေးဦးစီးဌာနမှူး ဆွေကျန်းဟွာကိုရာထူးမှ ဆိုင်းငံ့ပြီးနောက် ဆေးရုံအုပ်ကိုရာထူးမှ ထုတ်ပယ်ခြင်းဖြစ်ကြောင်း သိရ သည်။
Ref: CAN