ကျန်းမာရေးရှုထောင့်အရ ငရုတ်ကောင်းစားသုံးခြင်း

ငရုတ်ကောင်းကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးများကြတာကြောင့် စိုက်ပျိုးမှုများလာတာ တွေ့ရပါတယ်။ ငရုတ်ကောင်းက အနံ့အပြင် ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေရရှိစေလဲဆိုတာ ဗဟုသုတရရှိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

အစာကြေစေခြင်း

ငရုတ်ကောင်းကိုစားလိုက်ရင် ခန္ဓာကိုယ်ထဲမှာ ဟိုက်ဒရိုကလိုရစ်အက်စစ်တွေ စစ်ထုတ်တာ ပိုများလာစေလို့ အစာကြေတာ  မြန်စေပါတယ်။ အစာမကြေဖြစ် တတ်တဲ့သူတွေဆို ငရုတ်ကောင်းစားသုံးသင့်ပါတယ်။ ငရုတ်ကောင်းမှာပါတဲ့ ဓာတ်တိုးဆန့်ကျင် ဓာတ်ကြောင့် တော်ရုံ အနာတရတွေကို ကောင်းမွန်စေပါတယ်။

ဝိတ်ကျစေခြင်း

ငရုတ်ကောင်းစေ့ရဲ့အပြင်ဘက်အလွှာ က လူကိုဝစေတဲ့အဆီတွေကို ချေဖျက်ဖို့ အားပေးပါတယ်။ အဲဒီတော့  အဆီတွေ ချေဖျက်ရင်း အလေးချိန်မတက်အောင်ထိန်းပေးတဲ့အတွက် ငရုတ်ကောင်းက ဝိတ်ကျစေပါတယ်။

အသားအရေအတွက်ကောင်းခြင်း

ငရုတ်ကောင်းက အသားအရေအတွက်လည်း ကောင်းကျိုးတွေရရှိစေပါတယ်။ ခရုသင်းလို အရေပြားတွေဖြူပြီးဖြစ်တတ်တဲ့ရောဂါ မျိုးမဖြစ်အောင် ငရုတ်ကောင်းက ကာကွယ်ပေးပါတယ်။ မှိုနဲ့ ဗက်တီးရီးယားတွေမလာအောင်လည်း ငရုတ်ကောင်းက တားဆီး ကာကွယ်ပေးနိုင်ပါတယ်။

ဒါ့ပြင် နှာစေး၊ နှာပိတ်ဖြစ်နေတဲ့အခါ ဟင်းရည်ထဲကို ငရုတ်ကောင်းမှုန့်ခတ်ပြီး သောက်နိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းကို ကောင်းမွန်အောင် ထောက်ပံ့ပေးနိုင်တဲ့အစွမ်းလည်းရှိပါတယ်။ ဒါ့ပြင် တွဲဖက်စားသုံးတဲ့  အစားအစာတွေရဲ့အာဟာရကို အပြည့်အဝ ရရှိအောင် ကူညီလုပ်ဆောင်ပေးနိုင်ပါသေးတယ်။

ငရုတ်ကောင်းက မှတ်ဉာဏ်အားကို ကောင်းစေပြီး အယ်လ်ဇိုင်းမားလိုရောဂါတွေကို ကြိုတင်ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။ လေ့လာတွေ့ရှိချက်တွေအရတော့ ငရုတ်ကောင်းက အစာအိမ်အမြှေးပါးကို ပိုပြီးတော့ကောင်းမွန်စေတယ်လို့သိရပါတယ်။

   နန်းထက်ထက်ချစ်