ကျောက်ဆည်မြို့နယ်၌ နှမ်းရိတ်သိမ်းစက်သရုပ်ပြသ
ကျောက်ဆည်၊ စိုက်ပျိုးရေး
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ နှမ်းစိုက်တောင်သူများ အဆင်ပြေစေရေး အတွက် ဇူလိုင် ၁၂ ရက် နံနက်ပိုင်းတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ခေတ်မီနည်းပညာသစ် ဖြစ်သောနှမ်းရိတ်စက်ဖြင့် ရွာနန်းကျေးရွာ ကွင်းအမှတ်(၁၆၇) တောင်သူ ဦးကြည်လင်း စိုက်ပျိုးထားသည့် နှမ်း ၃ ဧက၌ နှမ်းရိတ်သိမ်းစက်ဖြင့် သရုပ်ပြပွဲကျင်းပကြောင်း သိရသည်။
အဆိုပါ နှမ်းရိတ်သိမ်းစက်ဖြင့် ရိတ်သိမ်းခြင်း သရုပ်ပြပွဲတွင် ကျောက်ဆည်မြို့နယ် စက်မှုလယ်ယာ ဦးစီးဌာနမှ တရုတ်နိုင်ငံထုတ် 4K-50 Reater Binder နှမ်းရိတ်စက်ဖြင့် နှမ်း ရိတ်သိမ်းခြင်းသရုပ်ပြသရာ ယင်းစက်သည် နှမ်း ၁ ဧကရိတ်သိမ်းပါက တစ်နာရီခွဲသာ ကြာမြင့်ပြီး ဒီဇယ် ၁ ဂါလန်သာကုန်ကျမှုရှိ သဖြင့် တောင်သူများ အချိန်ကုန်သက်သာစေခြင်း၊ လုပ်ငန်းများ လျင်မြန်စွာပြီးစီးစေခြင်းတို့ကြောင့် နှမ်းစိုက်တောင်သူများအတွက် များစွာအကျိုး ကျေးဇူးရရှိကြောင်းသိရသည်။
သက်မောင်(ကျောက်ဆည်)