ကျောက်ဖြူခရိုင်၌(အထက်တန်းပြ အလယ်တန်းပြ မူလတန်းပြ) သင်ကြားရေးဆရာ ဆရာမများ ခန့်အပ်ထားနိုင်ရေး အရည်အချင်းစစ် စာမေးပွဲကျင်းပ

ကျောက်ဖြူခရိုင်၌(အထက်တန်းပြ အလယ်တန်းပြ မူလတန်းပြ) သင်ကြားရေးဆရာ ဆရာမများ ခန့်အပ်ထားနိုင်ရေး အရည်အချင်းစစ် စာမေးပွဲကျင်းပ

ရခိုင်ပြည်နယ်   ကျောက်ဖြူခရိုင်၌ အခြေခံပညာကျောင်းများတွင် လစ်လပ်လျက်ရှိသော (အထက်တန်းပြ၊ အလယ် တန်းပြ၊ မူလတန်းပြ)   သင်ကြားရေး ဆရာ၊  ဆရာမများအဖြစ် ခန့်အပ်ထား နိုင်ရေးအတွက်  အရည်အချင်းစစ် စာမေးပွဲ ကို ဇွန် ၁၉ ရက် နံနက် ၉ နာရီတွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်းတို့၌ ကျင်းပသည်။

အဆိုပါစာမေးပွဲကို ကျောက်ဖြူခရိုင်  အတွင်းရှိ မြို့နယ်များ ဖြစ်သော ကျောက်ဖြူ မြို့နယ်၊ မာန်အောင်မြို့နယ်၊ ရမ်းဗြဲမြို့နယ် နှင့် အမ်းမြို့နယ်တို့မှ သတ်မှတ်အရည် အချင်းနှင့် ကိုက်ညီသည့်သူများ ဝင်ရောက် ဖြေဆိုလျက်ရှိရာ    ကျောက်ဖြူခရိုင်၌ အထက်တန်းပြ ရာထူးအတွက် ဝင်ရောက် ဖြေဆိုသူ ၃၆ ဦး၊  အလယ်တန်းပြရာထူး အတွက် ဝင်ရောက်ဖြေဆိုသူ ရှစ်ဦး၊ မူလတန်းပြရာထူးအတွက် ဝင်ရောက်ဖြေဆိုသူ ၁၁၆၃ ဦး စုစုပေါင်း ၁၂ဝ၇ ဦးတို့ ဝင်ရောက် ဖြေဆိုလျက်ရှိပြီး   ဖြေဆိုရန် လာရောက်လျှောက်ထားသူပေါင်း ၁၂၉၇  ဦးရှိကာ ပျက်ကွက်သူ ၉ဝ ဦးရှိကြောင်း  ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

ယင်းအရည်အချင်းစစ် စာမေးပွဲကို ဇွန် ၁၉ ရက် နံနက် ၉ နာရီတွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၂)   အခြေခံပညာ အထက်တန်း ကျောင်းတို့၌  စာစစ်ဌာနနှစ်ခု ဖွင့်လှစ်၍ ရေးဖြေစာမေးပွဲကို လည်းကောင်း၊ ဇွန် ၂ဝ ရက်  နံနက် ၉ နာရီတွင်  လူတွေ့စစ်ဆေးခြင်းကို လည်းကောင်း COVID-19 ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များနှင့်အညီ ကျင်းပ နေခြင်းဖြစ်ကြောင်း သိရသည်။