ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံနှင့် မူဆယ်ခရိုင်ပြည်သူ့ဆေးရုံများမှ ဆရာဝန်များနှင့် ကျန်းမာရေး ဝန်ထမ်းများအား CDM တွင် ပါဝင်လှုပ်ရှားမှုအပေါ် ဒေသခံပြည်သူများက ငြိမ်းအေးစွာ ဆန္ဒထုတ်ဖော်
နေပြည်တော်၊ မတ် - ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံမှ ဆရာဝန်၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများသည် ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များကို ဆောင်ရွက်ခြင်းမပြုဘဲ CDM တွင်ပါဝင်ပြီး တာဝန်ပျက်ကွက်လျက်ရှိကြောင်း သိရှိရ သည်။
အဆိုပါဖြစ်စဉ်ကြောင့် ဒေသခံပြည်သူလူထု၏ကျန်းမာရေးလုပ်ငန်းများကို ဆောင်ရွက် ပေးရန်အခက်အခဲများဖြစ်ပေါ်နေသည့်အတွက် အဒေသခံပြည်သူများက ယနေ့ညနေပိုင်းတွင် CDM ပြုလုပ်သော ကျန်းမာရေးဝန်ထမ်းများ အလိုမရှိ၊ နာမကျန်းဖြစ်နေသော ဆင်းရဲသား ပြည်သူများကို ကိုယ်ချင်းစာပါ၊ ကျင့်ဝတ်နှင့်မညီသော ဆရာဝန်များ အလိုမရှိ ၊ ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံကြီးပိတ်ထားသောကြောင့် သေဆုံးခဲ့သည့် လူနာများအား ကိုယ့်ဆွေမျိုးကဲ့သို့ စာနာသင့်သည်၊ ဆေးကုသမပေးချင်သော ဆရာဝန်များနေရာတွင် တပ်မတော်သားဆရာဝန် များအား အစားထိုးကာ ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံကြီးအား အမြန်ဆုံးဖွင့်လှစ်ပေးနိုင်ရေး စသည့် စာသားပါ ဆိုင်းပုဒ်များ၊ ကြွေးကြော်သံများဖြင့် ရှုံ့ချဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အလားတူ မတ် ၃ ရက်နေ့ ညနေပိုင်းတွင်လည်း မူဆယ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီး ပိတ်ထားမှုကြောင့် ဒေသခံပြည်သူများက မူဆယ်ပြည်သူ့ဆေးရုံအမြန်ဖွင့်လှစ်ရေး၊ ပြည်သူ့ အသက်ကာကွယ်ပေးရေး၊ CDM ပြုလုပ်သော ကျန်းမာရေးဝန်ထမ်းများ ချက်ချင်းရပ်၊ ပြည်သူ လူထုမျက်နှာထောက်ပါ စသည့် စာသားပါ ဆိုင်းပုဒ်များ၊ ကြွေးကြော်သံများဖြင့် ရှုံ့ချဆန္ဒ ထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။