ရန်ကုန်၊ သင်တန်း
ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိပြီး မိသားစုဝင်ငွေတိုးပွားစေရန်၊ ဆင်းရဲမှုလျော့ကျစေရန်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဇွန် ၂၅ ရက်က ကမာမတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မော်တာအပ်ချုပ်စက် သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနား၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဦးစတင်မျိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြက သင်တန်းစည်းကမ်းများနှင့် သင်ကြားမည့်ဘာသာရပ်များအကြောင်း ရှင်းလင်းပြောကြားသည်။ အဆိုပါ အခမ်းအနားကို COVID-19 ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခြင်းဖြစ်သည်။
အဆိုပါသင်တန်းကို သင်တန်းသူ ၃၀ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ၄၅ ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ကျော်ဆန်း