ခိုလမ်မြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံသို့ ရှမ်းပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီမှ  ဆေးပဒေသာပင် အလှူငွေပေးအပ်

နေပြည်တော်  ဧပြီ  ၂ဝ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊   ခိုလမ်မြို့ရှိ  နယ်မြေခံ တပ်မတော်ဆေးရုံအတွက် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီမှ ဆေးပဒေသာပင် အလှူငွေပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းတွင်  အဆိုပါဆေးရုံ၌ ပြုလုပ်ရာ  ရှမ်းပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦးနှင့်   အဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော် ဆေးရုံမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရှမ်းပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ဆေးပဒေသာပင် အလှူငွေပေးအပ်ခြင်းနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားပြီး အလှူငွေကျပ် ၄၅ သိန်းအား ပေးအပ်လှူဒါန်းရာ နယ်မြေခံ တပ်မတော်ဆေးရုံမှ  တာဝန်ရှိသူတစ်ဦးက  လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် တိုင်းမှူးတို့က  အဆိုပါ ဆေးရုံ၌  တက်ရောက်ကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်များနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများအား   လိုက်လံကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။