ချောင်းဦးမြို့နယ်တွင် စိုက်ဧက  ၄၀ ကျော်ကိုအကျိုးဖြစ်ထွန်းစေမည့်ကုန်ထုတ်လမ်းဖောက်လုပ်လျက်ရှိ

ချောင်းဦးမြို့နယ်တွင် စိုက်ဧက  ၄၀ ကျော်ကိုအကျိုးဖြစ်ထွန်းစေမည့်ကုန်ထုတ်လမ်းဖောက်လုပ်လျက်ရှိ

ချောင်းဦး  ဇန်နဝါရီ  ၁၃

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် မကျီးခွကျေးရွာတွင် စိုက်ဧက ၈၄၀ ကျော်ကို အကျိုး ဖြစ်ထွန်းစေမည့်ကုန်ထုတ်လမ်းကို ယခုလတွင် စတင် ဖောက်လုပ်နေပြီဖြစ်ကြောင်း ချောင်းဦးမြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနရုံးမှ သိရသည်။

ချောင်းဦးမြို့နယ်တွင် ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက် ငွေလုံးငွေရင်းရန်ပုံငွေ ၅၇ ဒသမ ၇ သန်းဖြင့် တင်ဒါ အောင်သည့် ပြည့်လျှံဟိန်းကုမ္ပဏီမှ ဇန်နဝါရီလပထမ ပတ်မှ စတင်ဖောက်လုပ်နေခြင်းဖြစ်သည်။
]]ချောင်းဦးမြို့နယ်မှာဆိုရင်  ယခုဘဏ္ဍာရေးနှစ် မှာ မကျီးခွကျေးရွာကုန်ထုတ်လမ်းကို ပြည်ထောင်စု ဘတ်ဂျက် ငွေလုံးငွေရင်းရန်ပုံငွေနဲ့ ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ အခုဆိုရင် တင်ဒါအောင်ကုမ္ပဏီကလည်း ကုန်ထုတ်လမ်းကို စတင်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းတွေ ကို သတ်မှတ်စံချိန်စံညွှန်းပြည့်မီပြီးတော့ အချိန်မီပြီးစီး ရေးကိုလည်း ကြီးကြပ်ဆောင်ရွက်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်ကလည်း ကျေးလက်ကုန်ထုတ်လမ်းတစ် လမ်းကို ပြည်ထောင်စုဘတ်ဂျက်နဲ့ ဆောင်ရွက်ပေးနိုင် ခဲ့ပါတယ်}}ဟု ချောင်းဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးဝင်းက  ပြောသည်။

ချောင်းဦးမြို့နယ် မကျီးခွကုန်ထုတ်လမ်း ဂျင်းမြေခင်း ခြင်းလုပ်ငန်းသည် အရှည် ၂ မိုင် ၂ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေ ၉ လက်မရှိပြီး အဆိုပါကုန်ထုတ်လမ်း ပြီးစီးပါက ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်^ ထွက်ကုန်များကို အလွယ်တကူသယ်ယူပို့ဆောင်နိုင်မည်  ဖြစ်သည်။
ထို့ပြင် မကျီးခွကျေးရွာကုန်ထုတ်လမ်းသည် မင်းတည် ကျေးရွာ၊ မင်းခေါင်ကျေးရွာနှင့် ကျေးရွာချင်းဆက်စပ် လျက်ရှိရာ အဆိုပါကျေးရွာနေပြည်သူများ စိုက်ပျိုးထား သည့် သခွားမွှေးသီးနှံများကိုလည်း အချိန်တိုအတွင်း လွယ်ကူစွာသယ်ယူပို့ဆောင်နိုင်မည်ဖြစ်သည်။

ချောင်းဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနအနေဖြင့် ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်က လည်း ဝယာကျေးရွာအုပ်စု ဝယာကျေးရွာတွင် ကုန်ထုတ် လမ်းဂျင်းမြေခင်းခြင်းလုပ်ငန်း အရှည် ၂ မိုင် ၁ ဒသမ ၅၈ ဖာလုံကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်
ရွက်ပေးခဲ့ကြောင်း သိရသည်။