ဂျော်ဒန်နိုင်ငံ အထည်ချုပ်စက်ရုံများတွင် လုပ်ကိုင်နေသည့် မြန်မာဝန်ထမ်း ၁၇၃ ဦး ကယ်ဆယ်ရေး လေယာဉ်ဖြင့်ပြန်လည် ရောက်ရှိ

ရန်ကုန်  မေ  ၃ဝ    

ဂျော်ဒန်နိုင်ငံရှိ အထည်ချုပ်စက်ရုံများတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာဝန်ထမ်းများအား  ကယ်ဆယ်ရေးလေယာဉ်ဖြင့် ေါ်ဆောင်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင်  ရန်ကုန်မြို့သို့  ပြန်လည်ရောက်ရှိကြောင်း  တဲလ်အဗီးမြို့ရှိ  မြန်မာသံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာဝန်ထမ်းများအတွက် ကယ်ဆယ်ရေးလေယာဉ်သည် မေ ၂၉ ရက် ဒေသစံတော်ချိန် ည ၈ နာရီတွင် ဂျော်ဒန်နိုင်ငံ အာမန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာပျံသန်းခဲ့ရာ ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး ယင်းခရီးစဉ်တွင် Jerash  ကုမ္ပဏီမှတစ်ဦး၊  Rich  Pine ကုမ္ပဏီမှ ၁၇ ဦး၊ Rich  Pine ကုမ္ပဏီမှ ၂၅  ဦးနှငVega ကုမ္ပဏီမှ ၁၃ဝ ဦး စုစုပေါင်း မြန်မာနိုင်ငံသား ၁၇၃ ဦးပြန်လည် လိုက်ပါလာကြသည်။

မြန်မာသံရုံးသည် ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ် ကူးစက်ပြန့်ပွားမှုကို   ကာကွယ်တားဆီး နိုင်ရန်ရည်ရွယ်၍ ခရီးသည်များအား ခရီးစဉ်မတိုင်မီ ၇၂ နာရီအတွင်း COVID-19ရောဂါစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိစဉ်တွင်လည်း ကျန်းမာရေးစစ်ဆေးမှု၊  လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာကိစ္စရပ်များ၊ အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း ဆိုင်ရာ ကိစ္စရပ်များအပါအဝင် လိုအပ်သော လုပ်ငန်းစဉ်များကို အခန်းကဏ္ဍအလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြကာ လှိုင်မြို့နယ် MICT Park ရှိ့Yoma Building Facility Quarantine သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

တဲလ်အဗီးမြို့ရှိ    မြန်မာသံရုံးသည် ဂျော်ဒန်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ နိုင်ငံသားများ နေရပ်ပြန်လည် ထွက်ခွာနိုင်ရေး အတွက် သက်ဆိုင်ရာ ဌာန၊ ကုမ္ပဏီများနှင့်ချိတ်ဆက်၍ ကယ်ဆယ်ရေးလေယာဉ်များဖြင့်  ပို့ဆောင်ပေးလျက်ရှိရာ  ယနေ့ ခရီးစဉ်သည် (၁၁)ကြိမ်မြောက် ခရီးစဉ်ဖြစ်ပြီး (၁ဝ)ကြိမ်မြောက်ခရီးစဉ် အဖြစ် မြန်မနိုင်ငံသား ၁၇၁ ဦးအား မတ် ၂၇ ရက်က ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။