ဟိုပုံး၊ မွေးမြူရေး
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးရိက္ခာဖူလုံစေရန်၊ ငါးသယံဇာတများ တိုးပွားလာစေရန်နှင့် ကျေးလက်နေပြည်သူများ ငါးများကို ပိုမိုဖမ်းယူစားသုံးနိုင်စေရန်ရည်ရွယ်၍ ငါးမျိုးစိုက်ထည့်ခြင်းကို သြဂုတ် ၁၈ ရက်နံနက်ပိုင်းက ဟိုပုံးမြို့မရေလွှဲဆည်နှင့် နောင်ဘိုကန်တို့တွင် ငါးမျိုး စိုက်ထည့်ကြသည်။
အဆိုပါငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ငါးခုံးမသားပေါက်ကောင်ရေ ၂၅၀၀၀ နှင့် ငါးမြစ်ချင်းသားပေါက်ကောင်ရေ ၂၅၀၀၀ စုစုပေါင်းငါးသားပေါက်ကောင်ရေ ၅၀၀၀၀ တို့ကို စိုက်ထည့်ခဲ့ကြကြောင်း သိရသည်။
ဟိုပုံးသား(ပြန်/ဆက်)