စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးအား ဖမ်းဆီး ၍ မျက်ခုံးမွှေးရိတ်ခြင်း၊ကတုံးတုံးခြင်း များပြုလုပ်သူများဖမ်းဆီးရမိ
နေပြည်တော်၊ မတ် - ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးချစ်ငွေ သည် ကောလင်းမြို့၊ ပြင်ဦးလွင်ရပ်ကွက်၊ ညီမဖြစ်သူ နေအိမ်တွင် ခေတ္တရောက် ရှိနေစဉ် ဆူပူဆန္ဒပြအကြမ်းဖက် သူ ၄၀၀ ဦးခန့်က ယနေ့နေ့လယ်ပိုင်းတွင် နေအိမ်အဝင်၊အထွက်လမ်းများအား အတားဆီးများချထား၍ ဦးချစ်ငွေ အား ဖမ်းဆီးကာ ဂုဏ်သိကာနှင့် အရှက်သိက္ခာ ကျဆင်းစေရန်အတွက် မျက်ခုံးမွှေးရိတ်ခြင်း၊ ကတုံးတုံးခြင်းများကို လူမဆန်စွာ ပြုလုပ်ကြ သည်။ ထို့သို့ပြုလုပ်နေမှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်တားစီးဖြေရှင်းရာ အကြမ်းဖက်သူများက လူစုခွဲခြင်း မပြုဘဲ တုတ်၊ ဓားများ ကိုင်ဆောင်၍ လေးဂွ၊ ဂျင်ကလိ၊ ခဲများဖြင့် ပစ်ပေါက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်ဖြို ခွဲခဲ့ရပြီး ဖြစ်စဉ်တွင် ဆူပူဆန္ဒပြသူများအနက် ပါဝင်သူ ၂ ဦး ဖမ်းဆီးရမိခဲ့ကာလိုအပ်သည်များစစ် ဆေးလျက်ရှိသည်။
ထို့ပြင်ဆူပူဆန္ဒပြအကြမ်းဖက်သူများက ဖမ်းဆီးခံရသူများ ပြန်လည် လွတ်မြောက် စေရေး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်စီးပွားရေးဘဏ် နှင့် အုပ်ချုပ်ရေးရုံးများကို ဝိုင်းဝန်း ပိတ်ဆို့ ၍ လေးဂွ၊ ဂျင်ကလိ၊ ခဲ၊ မီးကွင်းများဖြင့် ပစ်ခတ် ဆောင်ရွက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ကအဓိကရန်းဖြိုခွဲ ရေးလုပ်ငန်းစဉ်များအတိုင်း ဖြိုခွဲခဲ့ရသည်။
ဆူပူအကြမ်းဖက်သူ လူအုပ်စုအနေဖြင့် ြီူ ပါတီ၏ သွေးထိုးလှုံဆော်မှုကြောင့် အကြမ်းဖက်မှုပုံစံ အမျိုးမျိုးဖြင့် လုံခြုံရေးတာဝန်ဆောင်ရွက်နေသော ရဲစခန်းများကိုပါ ထိပါးစော်ကားလာခြင်းသည် အကြမ်းဖက်အဖွဲ့အစည်း၏ လုပ်ရပ်စစ်စစ်ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ နိုင်ငံတကာတွင်လည်း အကြမ်းဖက်အဖွဲ့အစည်းနှင့် ၎င်းတို့၏ လုပ်ရပ်များကို မည်သူမှ လက်ခံနိုင်ဖွယ်မရှိသဖြင့် နိုင်ငံတော် နှင့် ပြည်သူအများစု အတွက် ဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။