စပိန်နိုင်ငံ၌ မီးတောင် ပေါက်ကွဲမှုကြောင့် အိမ်ခြေရာပေါင်း များစွာ ပျက်စီးပြီး လူထောင်ပေါင်းများစွာ ထွက်ပြေးရ

စပိန်နိုင်ငံ၌ မီးတောင် ပေါက်ကွဲမှုကြောင့် အိမ်ခြေရာပေါင်း များစွာ ပျက်စီးပြီး လူထောင်ပေါင်းများစွာ ထွက်ပြေးရ

စပိန်နိုင်ငံ လာပါးမားဒေသရှိ မီးတောင်တစ်လုံး ပေါက်ကွဲမှုကြောင့် အိမ်ခြေရာပေါင်းများစွာ ပျက်စီးပြီး လူထောင်ပေါင်း များစွာ ဘေးလွတ်ရာ ထွက်ပြေးရကြောင်း တာဝန်ရှိသူများက စက်တင်ဘာ ၂ဝ ရက် တွင်ပြောသည်။

မီးတောင်ပေါက်ကွဲမှုသည် နိုင်ငံမြောက်ဖျားစွန်း၌   စက်တင်ဘာ ၁၉ ရက်တွင် စတင်ဖြစ်ပွားခြင်းဖြစ်ကာ နှစ်ပေါင်း ၅ဝ ကျော်အတွင်း ပထမဆုံး မီးတောင်ပေါက်ကွဲမှုဖြစ်သည်။

မီးတောင်သည် စက်တင်ဘာ ၂ဝ အထိ လှုပ်ခတ်နေဆဲဖြစ်သော်လည်း မီးတောင် ပေါက်ကွဲမှုကြောင့်   ထိခိုက်ဒဏ်ရာရ သေဆုံးသူ မရှိသေးကြောင်းနှင့်  လက်ရှိ လူ ၅ဝဝဝ ကျော်ထက်ပို၍ ကယ်ဆယ်ရေး လုပ်ငန်းများကို    မလုပ်ဆောင်ရရန် မျှော်လင့်ကြောင်း    တာဝန်ရှိသူများက ပြောသည်။

မီးတောင်ပေါက်ကွဲမှုမှ ထွက်လာသည့် မီးတောင်ပြာများသည် ကုဗမီတာ ၁၇ သန်းမှသန်း ၂ဝ ကြားရှိကာ  မီးတောင်ချော်ရည် များကြောင့်    အိမ်ခြေ ၁ဝဝ ကျော် မီးလောင်ပျက်စီးကြောင်း လာပါးမားကောင်စီ ဥက္ကဋ္ဌ   မာရီယာနိုဟာနန်ဒက် ကပြောသည်။

ဘေးကင်းရာ ထွက်ပြေးရသူများတွင် ပြည်ပခရီးသွားများ ပါဝင်သော်လည်း ထိုသို့ မီးတောင်ပေါက်ကွဲခြင်းက ခရီးသွားများ ပိုမိုလာရောက်စေမည့် အခွင့်အရေး တစ်ခုဖြစ်ကြောင်း၊  မီးတောင်ပေါက်ကွဲမှုအတွင်း ဟိုတယ်များ ပျက်စီးသွားသည့်တိုင်   လာရောက်သော ခရီးသွားများအတွက် နေရာထိုင်ခင်း ဖန်တီးပေးမည်ဖြစ်ကြောင်း  ခရီးသွားလာရေး ဝန်ကြီး   ရီယက်မာရိုတိုက ပြောထားကြောင်း သတင်းဌာနတစ်ခု၏ ထုတ်ပြန်ချက်အရ သိရသည်။

 Ref: TST