စလင်းမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

စလင်းမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

စလင်း၊ ဒေသဖွံ့ဖြိုးရေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ယခုဘဏ္ဍာနှစ်တွင် ကျေးရွာပေါင်း ၂၀ ၌ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းလုပ်ငန်းများဆောင် ရွက်ရန်အတွက် တစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀ စီဖြင့် ကျေးရွာ ၂၀ အတွက် ငွေကျပ်သန်း ၂၀၀ ဖြင့် ကျေးရွာတွင်း မြေနီကျောက်စရစ် လမ်းခင်းခြင်းလုပ်ငန်း ၁၄ ခု၊ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း နှစ်ခု၊  ကွန်ကရစ်ရေကျော်တည်ဆောက်ခြင်း လုပ်ငန်း တစ်ခု၊ လူကူးသစ်သားတံတား တည်ဆောက်ခြင်းလုပ်ငန်း တစ်ခု၊ ရေဂါလန် ၂၀၀၀ ဆံ့ ရေစုကန် တည်ဆောက်ခြင်း လုပ်ငန်း တစ်ခုနှင့် ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်းသွယ်တန်းခြင်းလုပ်ငန်း တစ်ခု  တို့ကို   ကျေးရွာဖွံ့ဖြိုးရေး ကော်မတီက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။

စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးခိုင် နှင့် ဝန်ထမ်းများက  အဆိုပါ စီမံကိန်းဖြင့် လူကူးသစ်သားတံတားတည်ဆောက်ထားမှု ကို ဇူလိုင် ၁၁ ရက်တွင် ကွင်းဆင်း စစ်ဆေးကြောင်း သိရသည်။

ကိုကိုကျော်