စာအောင်သံဃာတော်များနှင့်သီလရှင်များအား ဂုဏ်ပြုသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

မုံရွာ၊ ဘာသာရေး

မုံရွာမြို့ ရွှေစည်းခုံဘုရားဝင်းအတွင်းရှိသာသနာ့ဗိမာန်တော်ကြီးတွင် ဇွန် ၂၆ ရက် ညနေပိုင်းက အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲတွင် မုံရွာခရိုင်အတွင်းရှိ မုံရွာ၊ ချောင်းဦး၊ အရာတော်နှင့် ဘုတလင်မြို့နယ်အတွင်းမှ ဖြေဆိုအောင်မြင်တော်မူခဲ့ကြသည့် သံဃာတော်များနှင့်သီလရှင်များအား ဂုဏ်ပြုပူဇော်သည့် ၂၀၂၁ ခုနှစ်စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက စာအောင်သံဃာတော်များနှင့် သီလရှင် ၈၇၆ ပါးအား ဘွဲ့တံဆိပ်များနှင့် အဆောင်အယောင်များ  ဆက်ကပ်လှူဒါန်းကာ အခမ်းအနားသို့ကြွရောက်လာသည့် ဆရာတော်ကြီးများနှင့် သံဃာတော်များ၊ သီလရှင်များအား   ဆွမ်းဆန်စိမ်းနှင့်  လှူဖွယ်ပစ္စည်းများလောင်းလှူသည်။

စူဠဘွဲ့နှင်းသဘင် အခမ်းအနားတွင် မုံရွာခရိုင်အတွင်းရှိ မုံရွာ၊ ချောင်းဦး၊ အရာတော်နှင့်ဘုတလင်မြို့နယ်တို့ရှိ ဓမ္မာစရိယ စာမေးပွဲအောင် သံဃာတော်နှင့်သီလရှင်အပါး ၅၀၊ ပထမကြီးတန်း စာမေးပွဲအောင် သံဃာတော်နှင့်သီလရှင် ၁၆၃ ပါး၊ ပထမလတ် တန်းစာမေးပွဲအောင် သံဃာတော်နှင့်သီလရှင် ၁၆၆ ပါး၊ ပထမငယ်တန်းစာမေးပွဲအောင် သံဃာတော်နှင့်သီလရှင် ၂၃၂ ပါး၊ အခြေပြု မူလတန်းစာမေးပွဲအောင် သံဃာတော်နှင့်သီလရှင် ၂၆၅ ပါးတို့အား ဂုဏ်ပြုပူဇော်ခြင်းဖြစ်ကြောင်း သိရသည်။

(၆၁၁)