နေပြည်တော် မေ ၃ဝ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ် ဆေးရုံ၊ ယင်းမာပင်တိုက်နယ်ဆေးရုံ၊ ညောင်ရမ်းတိုက်နယ်ဆေးရုံ၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်ဆေးရုံ၊ ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊ မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ်၊ ယင်းတော်တိုက်နယ်ဆေးရုံ၊ ကူမဲတိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲတိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၊ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်ဆေးရုံ၊ ကျောက်ပန်းတောင်း မြို့နယ် ပြည်သူ့ဆေးရုံနှင့် ညောင်ဦးခရိုင်ပြည်သူ့ ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူနာရှင်များက အကူအညီ တောင်းခံမှုကြောင့် တပ်မတော်မှ ဆေးကုသရေးအဖွဲ့များအား စေလွှတ်၍ ရောဂါဝေဒနာ ခံစားနေရသည့် ဒေသခံပြည်သူများကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများကို ဆက်လက် ဆောင်ရွက်ပေးပြီး ခွဲစိတ်ကုသရန် လိုအပ် သောလူနာများအား ခွဲစိတ် ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်နေမှုများကို တိုင်းစစ်ဌာနချုပ် အသီးသီးရှိ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ဒေသခံပြည်သူများအား ဆေးကုသပေးထားမှု အခြေအနေများ၊ ကျန်းမာရေး တိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထိုသို့ကျန်းမာရေး စောင့်ရှောက်မှုအပေါ် ဒေသခံပြည်သူများ အနေဖြင့် အထူးပင်ကျေးဇူးတင် ဝမ်းမြောက်လျက် ရှိကြောင်း သတင်း ရရှိသည်။