ဆေးဖက်ဝင်အပင်များနှင့် အဓိကပျောက်ကင်းနိုင်သောရောဂါများ

ဆေးဖက်ဝင်အပင်များနှင့် အဓိကပျောက်ကင်းနိုင်သောရောဂါများ

ခေါင်ရန်းပန်း(ဆည်းလည်းပန်း) အင်္ဂလိပ်အမည် -Shoe flower မျိုးရင်း -Malvaceae ရုက္ခဗေဒအမည် - Hibiscus rosasinensis အဓိကဆေးဖက်ဝင်ပုံဆံပင်အားနည်းရောဂါ၊  ဦးခေါင်း ဗောက်ရောဂါ၊ ညောင်းကျရောဂါ၊ မီးယပ် သွေးလွန်ရောဂါ၊ သားအိမ်နှင့် ယောနိ လမ်းများ နာကျင်ကိုက်ခဲရောဂါ၊ သားပျက် သားလျှောရောဂါ၊ သွေးတိုးရောဂါ၊ သွေး တွင်းသကြားဓာတ်များရောဂါနှင့် ခန္ဓာကိုယ် အဝလွန်၍   ဝိတ်ချလိုသူများအတွက် ဆေးဖက်ဝင်အသုံးပြုနိုင်သည်။ 

ပေါက်ရောက်သည့်ဒေသမြန်မာနိုင်ငံအနှံ့အပြားတွင်  ပေါက် ရောက်သည်။ ခြံစည်းရိုးအလှစိုက်အပင်များအဖြစ် စိုက်ပျိုးလေ့ရှိကြသည်။ဆေးဖက်ဝင်အစိတ်အပိုင်းအရွက်၊  အပွင့်၊ အမြစ်များကို ဆေးဖက် ဝင်အသုံးပြုနိုင်သည်။ အပင်ပုံသဏ္ဌာန်အပင်လတ်မျိုးဖြစ်သည်။ အရွက်မှာ မုရားကြီးရွက်နှင့်တူသည်။ အနည်းငယ် ပို၍ကြီးသည်။  အပွင့်ကြီးပွင့်သည်။ အရောင်နီမြန်းသည်။  အဖြူမျိုးနှင့် အရောင်စပ်ကြားမျိုးလည်းရှိသည်။  အနီရောင်အပွင့်များမှာပို၍လှပပြီး တွဲလောင်းကျ၍ပွင့်သောကြောင့် ဆည်းလည်းပန်းဟုလည်းခေါ်ကြသည်။ 

ဆေးကျမ်းများအဆိုအရသာနှင့်အကျိုးသွား။  ။ ချို၏။ အေးသောသတ္တိရှိ၏။ ကြေကျက်သွားသောအခါ ဝိပါက၌စပ်၏။ဂုဏ်နှင့်စွမ်းရည်။     ။ နူးညံ့၏။ သား လျှောတတ်သောသူများကို ကိုယ်ဝန်တည် စေတတ်၏။ ကိုယ်အင်္ဂါများကို တွန့်ရှုံ့ စေတတ်၏။ ဆံပင်ကို နက်မှောင်သန်စွမ်း စေ၏။ ဆံပင်ပေါက်ခြင်းကိုဖြစ်စေ၏။ ကိုယ်သားကိုယ်ရေပူလောင်ခြင်းကို အေးစေ၏။ ဆီးနှင့်ပတ်သက်သော အကြောရောဂါ၊ သုက်အားနည်းရောဂါ၊ ရိဖြူ၊ ရိနီဆင်းရောဂါ များကို သက်သာစေသည်။ အမျိုးသမီးသား အိမ်နှင့် ယောနိလမ်းများ နာကျင်ကိုက်ခဲ သောရောဂါများကို ပျောက်ကင်းစေသည်။

အရပ်ဓလေ့အယူအဆများခေါင်ရန်းပန်းမှာ  လှပသောအပွင့်ရှိသော်လည်း ထိုအပွင့်ကို အချို့အရပ်များတွင်    အသုဘပန်းဟုအယူရှိကြသည်။ အသုဘပန်းခွေများပြုလုပ်ရာတွင် ၁၂ ရာသီပန်းနှင့်တွဲဖက်ပြီး  ပန်းခွေပြုလုပ်သဖြင့် အယူသီးကြခြင်းလည်း  ဖြစ်နိုင်သည်။ လူသေကောင်တွင် ခေါင်ရန်းပန်းပွင့်သုံးပွင့်ပန်ပေးပါက သချုႋင်းသို့ သူ့အလိုလိုသွားသည်ဟု ဒေသိယစကားရှိသည်။ ပန်းပွင့်များသည် ညဘက်တွင်အိပ်လေ့ရှိသော်လည်း လသာချိန်တွင် ခေါင်ရန်းပွင့်များလန်းနေလျှင် ထိုခေါင်ရန်းပွင့်ကိုကြည့်ပြီး ခွေးများအူလျှင် ရပ်ရွာအတွင်း လူသေလေ့ရှိသည်ဟု အချို့တောရွာများတွင်  အယူအဆရှိသည်။ သို့သော် ခေါင်ရန်းပန်းမှာ ရာသီဥတုဒဏ်ခံနိုင်ပြီး   ခြံစည်းရိုးတွင်စိုက်လျှင် အပွင့်လှပသဖြင့် စိုက်ပျိုးထားလေ့ရှိကြသည်။ ပန်းခြံများတွင်လည်း စိုက်ပျိုးလေ့ရှိကြသည်။ဆေးဖက်ဝင်အသုံးပြုပုံ မီးယပ်သွေးလွန်ရောဂါဖြစ်လျှင် ခေါင်ရန်းပွင့်ကို ထောပတ်နှင့်ကြော်စားပါက သွေးဆင်းသွေးလွန်ရောဂါကို ပျောက်ကင်း စေနိုင်သည်။ ထို့ပြင် သွေးဖောက်ပြန်သော ရောဂါအမျိုးမျိုးကိုလည်း ပျောက်ကင်းစေ နိုင်သည်။

ညောင်းကျရောဂါ၊   ဆီးကြောင့်ဖြစ် သော ခြေလက်ညောင်းညာသော ရောဂါ များဖြစ်လျှင် ခေါင်ရန်းအရွက်ကို ထောင်း ခြေပြီး ရေတစ်ညသိပ်စိမ်ထားပါ။ နံနက် တွင် အဖတ်များဖယ်ရှားပြီး အရည်ကိုစစ်ယူပြီးနောက် သကြားနှင့်ဖျော်သောက်ပါက ညောင်းကျရောဂါပျောက်ကင်းစေနိုင်သည်။ဆံပင်မသန်၊ ဆံပင်ကျဲလျှင် ခေါင်ရန်းပွင့်ကိုအခြောက်လှန်း အုန်းဆီဖြင့်စိမ်ထားပြီး  ဦးရေပြားအတွင်း   စိမ့်ဝင်အောင် လိမ်းပေးပါက ဆံပင်အားကောင်းစေသည်။ဦးခေါင်းတွင်ယားယံသော ဗောက်ရောဂါဖြစ်ပါက ခေါင်ရန်းပင် အရွက်၊ အပွင့်များကို တရော်ကင်ပွန်းရည်ဖြင့် ရောစိမ်ထားပြီး ခေါင်းလျှော်ပေးပါက ဗောက်ရောဂါများ ပျောက်ကင်းစေနိုင်သည်။
ခေါင်ရန်းပင်ရင့်သောအခါ ပင်စည်ကို ထုခြေပြီး အခေါက်ကိုယူ၍ တရော်ခေါက်ကဲ့သို့ပင်   ကင်ပွန်းသီးနှင့်ရောပြုတ်ပြီး ခေါင်းလျှော်ရည်အဖြစ် အသုံးပြုနိုင်သည်။ ဆံပင်အားကို ဖြစ်စေသည်။

ခေါင်ရန်းပွင့်များကို ညက်အောင်ခြေပြီး သို့မဟုတ်  အရည်ဖြစ်အောင်ကြိတ်ပြီး ဦးခေါင်းတွင်လိမ်းကျံထားကာ  အဝတ် သို့မဟုတ် တဘက်ဖြင့်ပေါင်းထားပြီး ဆံပင် ပေါင်းဆေးအဖြစ်အသုံးပြုသောအခါ ဆံပင် အရောင်ကို အထူးပင်တောက်ပစေသည်ဟု ဆံပင်အလှပြုပြင်သူများ အသုံးပြုကြသည်။ ခေါင်ရန်းပွင့် ဆံပင်ပေါင်းဆေးများလည်း အချို့နိုင်ငံများတွင် ထုတ်လုပ်သုံးစွဲသည်ဟု သိရှိရသည်။   ။