ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့်ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ဆေးရုံသုံး ပစ္စည်းများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ - ၂၁    
ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစု များမှ လှူဒါန်းသည့် အာဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များအလိုက် တပ်မတော်သား များက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိသည်။    
ထို့သို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့ ပြည်သူ့ဆေးရုံနှင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်၍ တပ်မတော်စက်ရုံအသီးသီးမှ ထုတ်လုပ်သော အာဟာရဖြည့် စားသောက်ဖွယ်ရာ များနှင့် တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ ထွက်ရှိသော စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းကြသည်။    
ထို့ပြင် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုမ်ဘန်းတိုက်နယ်ဆေးရုံ၌ တွဲဘက် တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားဆရာဝန်များနှင့် ကျန်းမာရေး ဝန်ထမ်း များအား အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များက နိုဝင်ဘာ ၂၀ ရက်တွင် သွားရောက်တွေ့ဆုံအမှာစကားပြောကြားပြီး အဆိုပါဆေးရုံအတွက် Personal Protective Equipment (PPE) ဝတ်စုံ ၁၀ စုံ၊ N-95 Mask ၁၅ ခု၊ Surgical  Mask  ၁၀၀၀ ခု၊ Face Shield ၅၀ ခု၊ Hand  Gel  ၂၀ ဘူး၊ ခွဲစိတ်ခန်းသုံးလက်အိတ် ၁၀၀ ခုနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။