ညောင်ဦးမြို့နယ် သပြေကန်တဲတိုက်သို့ သောက်သုံးရေ ၁၆၀၀ ဂါလန်လှူဒါန်း
ညောင်ဦး၊ ရေရရှိရေး
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု ခွေးပြုတ်ကျေးရွာ သပြေကန်တဲတိုက်သို့ ဇူလိုင် ၁၈ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဝေမျှ ခြင်းပရဟိတအဖွဲ့က သောက်သုံးရေဂါလန် ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်း အေးမေတ္တာ သောက်ရေအလှူတော်အသင်း ဦးဝင်းမင်းထွန်းထံမှ သိရသည်။
အဆိုပါ ခွေးပြုတ်ကျေးရွာ သပြေကန်တဲတိုက်သည် အိမ်ခြေ ၄၇ အိမ်၊ လူဦးရေ ၂၀၀ ကျော်နေထိုင်သည့်တဲတိုက်ဖြစ်ကာ စက်ရေတွင်းမရှိသည့် တဲတိုက်ဖြစ်သည်။ ညောင်ဦး မြို့နယ်တွင် တဲတိုက်ပေါင်း ၈၀ ကျော်ရှိပြီး အလှူရှင်များလှူဒါန်းသည့် သောက်သုံးရေကိုသာ မှီခိုအားထားနေရကြောင်း၊ မြေသားမိုးရေလှောင်ကန်များ ရေဝင်ရောက်ပါက ထိုကန်များမှရေကို သုံးစွဲကြပြီး မိုးခေါင်သည့်နှစ်များတွင် သောက်သုံးရေအင်မတန်ရှားပါးကြောင်း သပြေကန်တဲတိုက်မှ ထန်းတောင်သူ ဦးစိုးမင်းထံမှ သိရသည်။
ရန်ကုန်မြို့ ဝေမျှခြင်းအဖွဲ့မှလည်း ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေ ရှားပါးသည့် ကျေးရွာများ၊ တဲတိုက်များသို့ ဒေသခံပရဟိတအသင်းများနှင့်ချိတ်ဆက်၍ သောက်သုံးရေလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
ကိုထိန်၊ KPD