တစ်နှစ်ကျော်အတွင်း ကမ္ဘာ့ကပ်ရောဂါ ပျောက်ကင်းနိုင်ဟု မိုဒါနာ ကုမ္ပဏီ အကြီးအကဲပြော

တစ်နှစ်ကျော်အတွင်း ကမ္ဘာ့ကပ်ရောဂါ ပျောက်ကင်းနိုင်ဟု မိုဒါနာ ကုမ္ပဏီ အကြီးအကဲပြော

ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးကို တစ်ကမ္ဘာလုံးအတွက် လုံလောက်သည်အထိ တိုးမြှင့် ထုတ်လုပ်နိုင်ပြီဖြစ်သဖြင့် ကမ္ဘာ့ကပ်ရောဂါသည်   တစ်နှစ်ကျော်အတွင်း အရှင်းပျောက်ကင်း နိုင်ကြောင်း   မိုဒါနာ ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီမှ အလုပ်အမှု

ဆောင်ချုပ် စတက်ဖနီဘန်ဆဲက  ပြောသည်။

ပြီးခဲ့သည့်   ခြောက်လကျော်အတွင်း ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်ထုတ်လုပ် နိုင်ခဲ့ကြောင်း၊ ထုတ်လုပ်ထားသည့် ကာကွယ်ဆေး အရေအတွက်သည် လာမည့် နှစ်လယ်ပိုင်း အထိအသုံးပြုရန်  လုံလောက်ကြောင်း၊ ထို့ကြောင့် ကမ္ဘာပေါ်ရှိလူတိုင်း ကာကွယ်ဆေး ထိုးနိုင်ကြောင်းနှင့် ထပ်တိုးကာကွယ်ဆေးများ အတွက်သာ  လိုအပ်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ထို့ပြင် မကြာမီအချိန်အတွင်း မွေးကင်းစ ကလေးများကိုပင်  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်တော့မည်ဖြစ်ကြောင်း စတက်ဖနီဘန်ဆဲက ဆက်ပြောသည်။

ဒယ်တာဗီဇပြောင်း    ရောဂါပိုးသည် အလွန်လျင်မြန်စွာ ကူးစက်ပျံ့နှံ့တတ်သော ရောဂါပိုးဖြစ်သောကြောင့် ကာကွယ်ဆေး မထိုးရသေးသူ များမှာလည်း  ရောဂါပိုး ကူးစက်မှုကြောင့်  ကိုယ်ခံအား ရလာနိုင်သည့် အတွက် ကိုဗစ်-၁၉ ရောဂါသည် တုပ်ကွေးရောဂါကဲ့သို့သော အခြေအနေနှင့် အဆုံးသတ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

သို့သော် ကာကွယ်ဆေး ထိုးထားပါက ဆောင်းရာသီကို ကောင်းစွာ ကျော်ဖြတ်နိုင်မည်ဖြစ်ပြီး ကာကွယ်ဆေး မထိုးထားပါက ဆေးရုံတွင်သာ    ဘဝ ဆုံးသွားနိုင်သည့် အန္တရာယ်များကြောင်း ၎င်းက သတိပေးထားသည်ဟု သိရသည်။

Ref: TST