နေပြည်တော်၊ မတ် - ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ရေဖြူမြို့နယ်၊ လောင်းလုံးမြို့နယ်၊ ဘုတ်ပြင်းမြို့နယ်နှင့် ပုလောမြို့နယ်များရှိ ကျေးရွာအချို့တို့၌ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် လက်လုပ်သေနတ်များကိုင်ဆောင်နေကြောင်း သတင်းအရ ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ သွားရောက်ရှာဖွေစစ်ဆေးပြီး အဆိုပါကျေးရွာများရှိ ဒေသခံပြည်သူများကို တရားမဝင်လက်နက်ကိုင်ဆောင်ခြင်းသည် တရားဥပဒေဖြင့်ထိရောက်စွာ အရေးယူခံရနိုင်ကြောင်း နားလည်သဘောပေါက်အောင် ရှင်းလင်းပြောကြားသည်။
ယင်းသို့ပြောကြားမှုကြောင့် ကျေးရွာနေပြည်သူများက နားလည်သဘောပေါက်ကာ တူမီးသေနတ် ၂၇ လက်၊ လက်လုပ်သေနတ် ၃၅ လက်၊ လေးခွ ၈ လက်၊ ငှက်ကြီးတောင်ဓား ၁ ချောင်း၊ ဖန်ဂေါ်လီ ၉၀၀၀ လုံး၊ သံဘောစိအကြီး ၃၀၀၀ လုံးနှင့် သံဘောစိအသေး ၉၀၀ လုံးတို့အား ၎င်းတို့သဘောဆန္ဒအလျောက် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ အသီးသီး လာရောက် အပ်နှံခဲ့ကြ ကြောင်းသိရှိရသည်။
အလားတူ ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ နောက်မီးကျေးရွာအတွင်းရှိ ပြည်သူများက ယနေ့နံနက်ပိုင်းတွင် လက်လုပ်သေနတ် ၁၅ လက်အား ၎င်းတို့သဘော ဆန္ဒအလျောက် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်အပ်နှံခဲ့ကြကြောင်းသတင်းရရှိသည်