တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ အင်ဂျင်နီယာသင်တန်းသားများ အလိုရှိသည်

တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ အင်ဂျင်နီယာသင်တန်းသားများ အလိုရှိသည်

၁။ လျှောက်ထားသူသည်-

    (က)၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အသက် ၁၆ နှစ်အောက်မငယ်ရ၊ ၁၉ နှစ်ထက်မကြီးရ။

    (ခ)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ (လူပျို) ဖြစ်ရမည်။

    (ဂ)အနည်းဆုံးအရပ် ၅ ပေ၊ ၃ လက်မနှင့် ကိုယ်အလေးချိန်ပေါင် ၁ဝဝ ထက်မနည်းရ၊ ပေါင် ၁၄ဝ ထက် မကျော်ရ။

    (ဃ)မျက်မှန်တပ်ဆင်ထားသူမဖြစ်စေရ။

    (င)တက္ကသိုလ်ဝင်စာမေးပွဲအား သိပ္ပံဘာသာတွဲ၊ သို့မဟုတ် ဝိပ္ပံဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရမည်။

၂။ လျှောက်လွှာများကို မိမိတို့နှင့်နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် အခမဲ့ရယူပြီး ၁ဝ-၉-၂ဝ၂၁ ရက်နေ့မှ စတင်၍ ၃-၁၂-၂ဝ၂၁ ရက်နေ့ထိ နောက်ဆုံးထား လျှောက်ထားနိုင်သည်။

၃။ လျှောက်လွှာနှင့်အတူ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး/မြို့နယ် ရဲတပ်ဖွဲ့စခန်း တစ်ခုခုမှ ထောက်ခံစာ(မူရင်း)နှင့် ၁ လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ဓာတ်ပုံ ၃ ပုံကို ပူးတွဲတင်ပြရမည်။

၄။ သတ်မှတ်ချက်နှင့် ပြည့်စုံသူများသည် အရည်အချင်းစစ် စာမေးပွဲကို တက္ကသိုလ်ဝင် စာမေးပွဲသင်ရိုးညွှန်းတမ်း အတိုင်း အောက်ပါ ဘာသာရပ်များကို ဖြေဆိုကြရမည်ဖြစ်သည်-

    (က)အင်္ဂလိပ်စာ ။ နံနက် ၉ နာရီမှ ၁၁ နာရီထိ။

    (ခ)သင်္ချာ         ။  နေ့လယ် ၁ နာရီမှ ၃ နာရီထိ။

၅။ ဖြေဆိုမည့် သင်တန်းသားများသည် တိုင်းစစ်ဌာနချုပ်များသို့ ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၃ ရက်နေ့အတွင်း သတင်းပို့ရမည်ဖြစ်ပြီး တိုင်းစစ်ဌာနချုပ်များမှ ဒီဇင်ဘာလ ၆ ရက်နေ့အရောက် ကျောင်းသို့ ပို့ဆောင်ပေးရမည်ဖြစ်သည်။

၆။ အရည်အချင်းစစ် စာမေးပွဲကို တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံတွင် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ဖြေဆိုကြရမည်ဖြစ်ပါသည်။

၇။ အရည်အချင်းစစ် စာမေးပွဲအောင်စာရင်းအား ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ပေးမည်ဖြစ်ပြီး အောင်မြင်သူများသည် သင်တန်းတစ်ပါတည်း တက်ရောက်ရမည်ဖြစ်ပြီး မအောင်မြင်သူများအား တိုင်းစစ်ဌာနချုပ်များမှ တစ်ဆင့် သက်ဆိုင်ရာသို့ ပြန်လည်စေလွှတ် သွားမည်ဖြစ်သည်။

၈။  သင်တန်းကာလတွင် လစာအဖြစ် ပထမနှစ် ကျပ် ၁၆၈ဝဝဝ/- ၊ ဒုတိယနှစ် ကျပ် ၁၇၄ဝဝဝ/- ၊ တတိယနှစ် ကျပ် ၁၈ဝဝဝဝ/- ရရှိမည်။  သင်တန်းအောင်မြင်ပြီးလျှင် ရာထူးအဆင့်လိုက် သတ်မှတ်လစာနှင့် စရိတ်များ ခံစားခွင့်ရှိသည်။

၉။  သင်တန်းပြီးဆုံးပါက အောက်ပါအတိုင်း ခံစားခွင့်ရှိသည်-

    (က)ဘွဲ့လက်မှတ်အပ်နှင်းခြင်း။ အင်ဂျင်နီယာသိပ္ပံ A.G.T.I(Diploma) လက်မှတ်ပေးအပ်မည်။

    (ခ)တာဝန်ပေးအပ်ခြင်း။တပ်မတော်(ကြည်း၊ရေ၊လေ) လက်ရုံးဝန်ထမ်း တပ်ဖွဲ့ တစ်ခုခုတွင် ပညာသည် အကြပ်ကြီး အဖြစ် ခန့်အပ် တာဝန်ပေးအပ်မည်။

    (ဂ)အဆင့်တိုးမြှင့် ပေးအပ်ခြင်း။ တပ်မတော်(ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့အလိုက် ပညာသည် စစ်သည်များ အဆင့်အတန်း တိုးမြှင့်ရေး စည်းမျဉ်းနှင့်အညီ  ဒုတိယအရာခံဗိုလ်နှင့်  အရာခံဗိုလ်အဆင့်များသို့ ဆက်လက်     တိုးမြှင့်ပေးရေးအတွက် ဆောင်ရွက်ပေးမည်။

    (ဃ)ပြန်တမ်းဝင်အရာရှိ လျှောက်ထားခွင့်။ ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်နိုင်ရေး အတွက် သတ်မှတ်ထားသည့်အချိန်နှင့် အကျုံးဝင်သည့်အချိန်တွင်  စစ်ရာထူးခန့်ချုပ်ရုံးမှ  လျှောက်လွှာ ခေါ်ယူသည့်အခါ     လျှောက်ထားနိုင်သည်။

မှတ်ချက်။     အသေးစိတ် သိရှိလိုပါက မိမိတို့လျှောက်လွှာ ထုတ်ယူခဲ့သည့် တိုင်းစစ်ဌာနချုပ်များတွင် စုံစမ်း မေးမြန်းနိုင်ပါသည်။