တပ်မတော်က အခြေပြုလျက်ရှိသောထီးမူထစခန်းအား KNLA တပ်မဟာ(၅) လက်အောက်ခံတပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့်ဝင်ရောက်တိုက်ခိုက်

နေပြည်တော်၊  မတ် - ၂၈
    
ဖာပွန်ခရိုင်အတွင်းရှိ ထီးမူထကျေးရွာအနီး တပ်မတော်စခန်းတစ်ခုအား မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် KNLA မှ ဘောကျော်ဟဲ ဦးဆောင်မှုဖြင့် KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်တို့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
    
KNU အနေဖြင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် နိုင်ငံတကာနှင့် တိုင်းရင်းသားခေါင်းဆောင်များ အသိသက်သေဖြင့် NCA အားလက်မှတ်ရေးထိုးထားခဲ့သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ၎င်းအဖွဲ့အစည်းမှတပ်မဟာ၅အနေဖြင့်ဘောကျော်ဟဲ၏သီးခြားညွှန်ကြားချက်ဖြင့် တပ်မတော်၏ရိက္ခာစုပုံမှုများတွင် ကားမိုင်းထောင် တိုက်ခိုက်ခြင်း၊ ဒေသဖွံ့ဖြိုးတိုးတက် ရေးကိုအထောက်ကူပြုစေမည့် လမ်းကြောင်းများ ဖောက်လုပ်ရာတွင် နှောင့်ယှက်တိုက်ခိုက်ခြင်း၊တပ်ဌာနချုပ်များသို့လက်နက်ကြီးများဖြင့်အဝေးမှပစ်ခတ်တိုက်ခိုက် ခြင်းများအားနည်းမျိုးစုံအကြောင်းအမျိုးမျိုးပြလျက်ဃြဗပျက်ဆီးစေရန် ဆောင်ရွက်လျက် ရှိရာ ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလမှ ယနေ့အထိ ကားမိုင်းထောင်တိုက်ခိုက်ခြင်း ၈ကြိမ် ဆောင်ရွက်ခဲ့ပြီး တပ်မတော်မှလုပ်ငန်းယာဉ် ၉ စီးပျက်ဆီးဆုံးရှုံးခဲ့ရသည်။ ထို့အပြင် ချောင်းမြောင်းနှောင့်ယှက်ပစ်ခတ်ခြင်း ၂၅ ကြိမ်ပြုလုပ်ခဲ့ပြီး ယခုရက်ပိုင်းအတွင်း တပ်ဌာနချုပ်များသို့ ၁၀၇ မမရှော့တိုက်ဒုံးဖြင့်ပစ်ခတ်မှုအနေဖြင့် ဘားအံတပ်နယ်၊ သထုံတပ်နယ်၊ တောင်ငူတပ်နယ်၊ ဘောနက်ကြီးတပ်နယ်များရှိ တပ်ဌာနချုပ်များသို့ ၁ ကြိမ် စီ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ သည့် အပြင် မော်လမြိုင်တပ်နယ် အတွင်းအရပ်ဘက် ပစ်မှတ်များပါ ပစ်ခတ်ရန်ကြိုးပမ်းမှု ၁ ကြိမ် ဆောင်ရွက်ခဲ့ကြောင်းတွေ့ရှိရသည်။
    
အထက်ပါပစ်ခတ်တိုက်ခိုက်မှုများနှင့်ပတ်သက်၍တပ်မတော်သည် ထာဝရ ငြိမ်းချမ်းရေးကို ထောက်ရှုသောအားဖြင့်စိတ်ရှည်သည်းခံစွာ KNU ဗဟိုရှိတာဝန်ရှိသူများ အားအကြိမ်ကြိမ်သတိပေးခြင်း၊ ကန့်ကွက်ခြင်းနှင့် NCA စာချုပ်ပါ အချက်များအား လိုက်နာရန်အသိပေးခြင်းများကို  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၊ အမျိုးသားစည်းလုံး ညီညွှတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ တို့မှတစ်ဆင့် နှုတ်ဖြင့် လည်းကောင်း၊ တရားဝင်စာဖြင့်လည်းကောင်း အကြိမ်ကြိမ် အကြောင်းကြားခဲ့သည်။သို့သော် KNU ဗဟိုဦးစီးကော်မတီဝင်များနှင့် KNLA စစ်ဦးစီးချုပ် တို့၏ တားမြစ်ချက်ကိုပင် KNLA တပ်မဟာ ၅ အနေဖြင့်လိုက်နာမှုမရှိဘဲ NCA ပျက်စီး စေရန်ဆက်တိုက်ဆောင်ရွက်လျက်ရှိနေသဖြင့် တာဝန်ရှိခေါင်းဆောင်များထံ လက်အောက် သို့ ထိန်းသိမ်းနိုင်ရေးအသိပေးအကြောင်းကြားခဲ့ရာ KNU ဗဟိုအနေဖြင့် NCAလမ်းကြောင်း အတိုင်းဆက်လက်လျှောက်လှမ်းမည်ဖြစ်ပြီး တပ်မဟာ ၅ ၏ လုပ်ဆောင်မှုများ တွင် KNU ဗဟို၏ သဘောဆန္ဒပါဝင်မှုမရှိကြောင်း၊ ဒုတိယ စစ်ဦးစီးချုပ်အဆင့်ရှိသူ ဘောကျော်ဟဲ မှာ အမိန့်နာခံမှုမရှိဘဲ တပ်မဟာ ၅ မှတပ်ဖွဲ့ဝင်များဖြင့် NCA  ချိုးဖောက်မှုများ ဆောင်ရွက်နေပြီး ငြိမ်းချမ်းရေးပျက်ပြားအောင် ဆောင်ရွက်လျက်ရှိသဖြင့် တပ်မတော်အနေဖြင့် လိုအပ်သလိုအရေးယူဆောင်ရွက်နိုင်ကြောင်း အကြောင်းပြန်ကြားလာခဲ့သည်။
    
KNU  တပ်ဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ငြိမ်းချမ်းရေးကိုလိုလား လျက်ငြိမ်းချမ်းရေးအတွက် အခြေခံသဘောတူညီမှုဖြစ်သည့် NCA တွင် ဆက်လက်လျှောက် လှမ်းလိုသော်လည်း ဘောကျော်ဟဲ၏ ကျဉ်းမြောင်းသောလူမျိုးရေးစိတ်ဓာတ်ဖြင့်  စစ်မက်လိုလားမှုအပေါ်တွင် ဒေသခံများကကြောက်ရွံ့ စိုးရိမ်ပူပန် လျက်ရှိပြီး ယခုဖြစ်စဉ် တွင် NCA သဘောတူညီမှုများနှင့်အညီနယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်မတော် စခန်းများကိုထိခိုက်ဆုံးရှုံးအောင် တပ်မဟာ ၅ အနေဖြင့် NCA ကိုလိုက်နာမှုမရှိဘဲ တိုက်ခိုက် လာမှုသည်သည်းခံနိုင်မှုအတိုင်းအတာထက်ကျော်လွန်လာသဖြင့် မတ် ၂၇ ရက်နေ့မှ စတင်ကာ ပြုလုပ်သင့်ပြုလုပ် ထိုက်သည်များကို တပ်မတော်အနေဖြင့် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။