တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မီဒီယာများအားတွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၄
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ သတင်းမီဒီယာများ နှင့်တွေ့ဆုံ၍ တပ်မတော်သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်။
သတင်းစာရှင်းလင်းပွဲမစတင်မီ တက်ရောက်လာကြသူများအား COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေး မှူးရုံးမှ တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာခြင်းများကို ဆောင်ရွက်ပေးပြီး သတ်မှတ် အကွာအဝေးအတိုင်းနေရာယူကာ စနစ်တကျမေးမြန်းခြင်းများကို ဆောင်ရွက်ကြသည်။
ဦးစွာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော်၏ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်မှာကြားချက်အရ ပြည်သူ့ဆေးရုံများသို့ အောက်ဆီဂျင်အိုးများ လှူဒါန်းပေးနေမှု၊ တပ်မတော်အရာရှိကြီးများ၏ ၁ လစာ အလှူငွေ၊ အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများ၏ ၁ ရက်စာ အလှူငွေများဖြင့် အရပ်ဘက်ပြည်သူ့ဆေးရုံများနှင့် အရပ်ဘက်အဖွဲ့အစည်းများသို့ ကာကွယ်ရေးအထောက်အကူပြုဆေးပစ္စည်းများနှင့် အာဟာရ ဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းနေမှု၊ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ နွယ်ဝင်သီလရှင်စာသင်တိုက်များနှင့် အခြားဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် အခြားစားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းမှုနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းနေမှု အခြေအနေများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လွှဲပြောင်းပေးအပ် သည့် ဃဥဠှီု-၁၉ ရောဂါအတည်ပြုပိုးတွေ့လူနာ သံဃာတော်များ၊ သီလရှင်များနှင့် အရပ်သား ပြည်သူလူနာများအား COVID-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများ လက်ခံကုသ ပေးနိုင်ရေးအတွက် တပ်မတော်မှကြိုတင်ပြင်ဆင်ထားသည့် နေရာများ၌ လက်ခံကုသပေး လျက်ရှိပြီး ၎င်းင်းတို့၏ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်မှ တာဝန်ယူဆောင်ရွက်ပေးနေမှုနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဆက်သွယ်လာမှုအရ COVID-19 ရောဂါပိုးရှိ/မရှိ အရပ်ဘက်ပြည်သူများအား တပ်မတော်မှ ရောဂါရှာဖွေရေးစက်များဖြင့် စစ်ဆေးပေးနေမှုအခြေအနေများ၊ တပ်မတော် အနေဖြင့် COVID-19 ရောဂါနှင့်ပတ်သက်၍ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူပြီး တပ်မတော် (ကြည်း၊ရေ၊လေ)တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်လျက်ရှိရာ ကာကွယ်ကုသထိန်းချုပ်ရေး လုပ်ငန်းများသာမက COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် လူမှုစီးပွားရေး ထိခိုက်မှုများကို ထောက်ပံ့ပေးအပ်ခြင်း၊ ဆေးဝါးကုသပေးခြင်း၊ ဒေသခံပြည်သူများ၏ ထွက်ကုန်များအား ဝယ်ယူပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် နိုင်ငံတော်၏ အမျိုးသားရေးစွမ်းအားကို ယုတ်လျှော့စေမည့် COVID-19 ကပ်ရောဂါအား တပ်မတော်အနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပြည်သူနှင့်အတူ လက်တွဲဆောင်ရွက်လျက် ရှိသည့် အခြေအနေများ။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ချုပ်ဆိုခြင်း (၅)နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြားခဲ့သည့် မိန့်ခွန်းနှင့်သဝဏ်လွှာပါ အကြောင်းအချက်များ၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ဆန္ဒမဲလက်မှတ်များ၊ မဲပုံး များ၊ ဆန္ဒပြုခန်းများ၊ မဲရုံသုံးပစ္စည်းများကို လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် နေရာများ၊ ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသည့် နေရာများသို့အရောက် တပ်မတော်မှ ရေယာဉ်၊ ရဟတ်ယာဉ် များဖြင့် ကူညီပို့ဆောင်ပေးနေမှုနှင့် လုံခြုံရေးနှင့်ကာကွယ်ရေး ရှုထောင့်အရ တိုင်းရင်းသား ပြည်သူများအားလုံး လုံခြုံ၊ လွတ်လပ်စွာ မဲပေးနိုင်ခွင့်ရရှိရေး တပ်မတော်မှ အလေးထား ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် တိုက်ပွဲဖြစ်ပွားမှု၊ မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုနှင့် တပ်မတော်မှ တစ်မျိုးသားလုံး၏ အန္တရာယ်ဖြစ်သည့် မူးယစ် ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးကို အချိန်တိုင်းအလေးထားဆောင်ရွက်လျက်ရှိသည့်အခြေ အနေများ။
ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက်သောင်းကျန်းသူများမှ အရပ်သားများ၊ ပြည်သူ့ဝန်ထမ်းများအား အကြောင်းမဲ့ ဖမ်းဆီးမှု၊ သတ်ဖြတ်မှု၊ ၎င်းတို့ထောင်ထားသည့် မိုင်းများကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရရှိမှု အခြေအနေများနှင့် AA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်း၊ မတရားအသင်းအဖြစ် တရားဝင် ကြေညာခံထားရသည့် အဖွဲ့အစည်းဖြစ်သည့်အားလျော်စွာ ပြည်တွင်းဥပဒေများ၊ အပြည်ပြည် ဆိုင်ရာ ဥပဒေများကို ပြောင်ကျကျချိုးဖောက်လျက်ရှိသည့်အခြေအနေများကို ကျယ်ကျယ် ပြန့်ပြန့်ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများအပေါ်ပြန်လည်ရှင်းလင်းဖြေကြား သည်။
အဆိုပါ သတင်းမီဒီယာတွေ့ဆုံပွဲသို့ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ် သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများစုစုပေါင်းသတင်းဌာန ၂၄ ခုမှ သတင်းထောက်များ လာရောက် တွေ့ဆုံသတင်းရယူခဲ့ကြကြောင်း သတင်းရရှိသည်။