တရုတ်က တန်ချိန်သန်း ၁ဝဝ ခန့်ရှိမည့် ရေနံလုပ်ကွက် အသစ် တွေ့ရှိ

တရုတ်က တန်ချိန်သန်း ၁ဝဝ ခန့်ရှိမည့် ရေနံလုပ်ကွက် အသစ် တွေ့ရှိ

တရုတ်အမျိုးသား ကမ်းလွန်ရေနံလုပ်ငန်းစုက တန်ချိန်သန်း ၁ဝဝ ခန့်ရှိမည်ဟု ခန့်မှန်းရသည့်   ရေနံလုပ်ကွက်အသစ်ကို တွေ့ရှိကြောင်း သိရသည်။

အဆိုပါ  ရေနံလုပ်ကွက်အသစ်သည် ဘိုဟိုင်းပင်လယ်အော် တောင်ဘက်တွင် တည်ရှိပြီး ထိုရေနံလုပ်ကွက်မှ တစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း ၅၆၉ လုံးကို ထုတ်ယူနိုင်မည်ဟု   ရေနံလုပ်ငန်းစုက မျှော်မှန်းထားသည်။

ထိုရေနံလုပ်ကွက်ကို တူးဖော်မှုလုပ်ရာတွင် မီတာ ၁၅၂ဝ ၌ ရေနံစိမ်း ထွက်ရှိသည်ကို တွေ့ရှိခြင်းဖြစ်ကြောင်းနှင့် ရေနံစိမ်း ထုတ်ယူနိုင်မည့် အထူမှာ  ၂၇  မီတာခန့်ရှိကြောင်း အဆိုပါလုပ်ငန်းစု၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းရေနံလုပ်ငန်းစုသည် တရုတ်နိုင်ငံ၌ တတိယအကြီးဆုံး   ရေနံကုမ္ပဏီဖြစ်ပြီး ၎င်း၏ရှေ့တွင်   စီအန်ပီစီနှင့် ဆိုင်နိုပက် ကုမ္ပဏီတို့ရှိသည်။        

Ref: Sputnik