မူဆယ် ဒီဇင်ဘာ ၁
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း တရုတ်နိုင်ငံမှ ဆိတ်အဝယ် ရပ်ဆိုင်းထားသည့်အတွက် ဈေးနှုန်း ကျဆင်းနေသော်လည်း ဆိတ်မွေးမြူသူများ ဆုံးရှုံးမှုနည်းပါးကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်အကြံပေး ဒေါက်တာသက်ခိုင်ထံမှ သိရသည်။
““တရုတ်နိုင်ငံကို ဆိတ်တင်ပို့မှုက တရားဝင် မဖြစ်သေးဘူး။ လက်ရှိအခြေအနေက ညှိနှိုင်းတဲ့ အဆင့်ပဲရှိသေးတယ်။ ဈေးနှုန်း မတည်ငြိမ်တဲ့အပြင် တရုတ်နိုင်ငံက အဝယ် လုံးဝရပ်သွားလို့ မူဆယ်ကွင်းမှာ ဆိတ်တွေ အများကြီး ပိတ်မိနေတယ်။ အရင်က ဆိတ်ကို ထိုင်းနိုင်ငံကိုလည်း တင်ပို့တယ်။ နောက်ပိုင်း တရုတ်နိုင်ငံရဲ့ဝယ်လိုအား မြင့်လာတော့ ထိုင်းနိုင်ငံကနေ တစ်ဆင့်ခံပြီး မတင်ပို့တော့ဘူး။ ဆိတ်မွေးမြူသူတွေ အတွက် အဓိကအခက်အခဲဖြစ်နေတာကတော့ ဈေးနှုန်းမတည်ငြိမ်တာပါပဲ။ တရုတ် နိုင်ငံရဲ့ဈေးကွက်ကို အရမ်းမှီခိုထားတဲ့ အနေအထားမျိုးမှာ ဖြစ်နေတယ်”” ဟု ဒေါက်တာသက်ခိုင်ကပြောသည်။
ဆိတ်ကို မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ၌ အများဆုံးမွေးမြူပြီး မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ၌ အနည်းငယ်သာ မွေးမြူကြောင်း၊ ဆိတ်သား ထုတ်လုပ်မှုသည် စားသုံးမှုနှင့်နှိုင်းယှဉ်ပါက မျှခြေရှိသော်လည်း ဈေးနှုန်းအနည်းငယ် ကြီးနေကြောင်း သိရသည်။