သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ သား ငါး၊ လယ်ယာထွက်ကုန်များနှင့် စားသောက် ကုန်များကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိရာ AQSIQ (ယခု GACC) ဖြင့် မြန်မာ့ငှက်ပျောတင်ပို့နိုင်ရန် စီစဉ်လျက်ရှိရာ ခွင့်ပြုချက် အဆင့်သာ ကျန်ရှိတော့ကြောင်း သိရသည်။
ငှက်ပျောသီးကို ပိုးမွှားစစ်ဆေးတာ အကုန်လုပ်ပြီးသွားပြီ။ နောက်ဆုံးခွင့်ပြုဖို့ အဆင့်ပဲ ကျန်တော့တယ်။ နှစ်နိုင်ငံက တာဝန်ရှိသူတွေ ပိုးမွှားနဲ့ ပတ်သက်ပြီး လာစစ်ဆေးသွားတာပါဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောသည်။
သို့ဖြစ်ရာ တရုတ်နိုင်ငံသို့ တရားဝင် ငှက်ပျောတင်ပို့ခွင့် မကြာမီရရှိမည်ဖြစ်ပြီး ယခုကဲ့သို့ ငှက်ပျောကို တရားဝင်တင်ပို့ နိုင်မည်ဆိုပါက ယခင်ခွင့်ပြုထားသည့် သီးနှံရှစ်မျိုးအပြင် ငှက်ပျောသီးနှံထပ်တိုး လာမည်ဖြစ်ကြောင်း သိရသည်။ kaykay