တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ COVID-19 ရောဂါကာကွယ်ဆေးများ လှူဒါန်း
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ထောက်ပံ့လှူဒါန်းသည့် COVID-19 ရောဂါကာကွယ်ဆေး sar-Cov-2 (Vero Cell)များသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်ခိုင်၊ ရန်ကုန်မြို့ရှိ တပ်မတော် ဆေးရုံကြီး ခုတင်(၁ဝဝဝ) တပ်မှူး ဗိုလ်မှူးချုပ်မြင့်ဇော်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
ယင်းသို့ ထောက်ပံ့လှူဒါန်းရာတွင် COVID-19 ရောဂါကာကွယ်ရန် အတွက် ကာကွယ်ဆေး sar-Cov-2 (Vero Cell) အလုံးရေငါးသိန်းကို ပေးအပ် ထောက်ပံ့ခဲ့ကြောင်းနှင့် အဆိုပါဆေးများအား တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဖြန့်ဝေထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။