တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာနနာယက ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ အား “အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော်၊ မတ် - ၂၈

၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာ မင်္ဂလာ အခမ်းအနားကို မတ် ၂၇ တွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ် အတွင်း ရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ကျင်းပခဲ့ပြီး ကျန်းမာရေးအခက်အခဲကြောင့် ဘွဲ့တံဆိပ် တော်များ ဆက်ကပ်ပူဇော်ပွဲသို့ တက်ရောက်နိုင်ခြင်းမရှိသည့် ဆရာတော်ကြီးများကို သက်ဆိုင်ရာနယ်မြေများအလိုက် တာဝန်ရှိိသူများက သွားရောက်ဆက်ကပ်ပူဇော်လျက်ရှိ သည်။

ဘွဲ့တံဆိပ်ဆက်ကပ်ပူဇော်ခံရသည့် ဆရာတော်ကြီးတစ်ပါးဖြစ်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်ဩဝါဒါ စရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ  ဒေါက်တာ ဘဒ္ဒန္တ ဓမ္မသီရိ အား ၂၀၂၁ ခုနှစ်၊ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာ အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် နဂါးနှစ်ကောင်ကျောင်းတိုက်၌ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ကြည်ညို၍ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော် သည်။

အခမ်းအနားသို့ ဘွဲ့ခံဆရာတော်ကြီးဖြစ်သည့် နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ကြီးနှင့် ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရကျောင်းတိုက် ဦးစီးပဓာန နာယက (ဝစီပိတ်) ဆရာတော် ဘဒ္ဒန္တ ကောဝိဒ တို့အမှူးပြုသည့် သံဃာတော်များ ကြွရောက်ချီးမြှင့် တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီး တို့နှင့်အတူ ကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးစိုင်းလုံးဆိုင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသ တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ တာချီလိတ်ခရိုင်၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ကြီးထံမှ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးနှင့် ဧည့်ပရိသတ်တို့က ငါးပါးသီလ ခံယူ ဆောက်တည်ကြသည်။ ထို့နောက် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုက သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ ထံ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင် များ ဆက်ကပ်ပူဇော်သည်။  ဆက်လက်ပြီး ဆရာတော်ကြီးအား သင်္ကန်းပရိက္ခရာများ၊ နဝကမ္မအလှူငွေများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာန နာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ က သမ္မောဒနီယဩဝါဒကထာနှင့် အနုမောဒနာတရား မြွက်ကြားချီးမြှင့် တော်မူရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီး၊ ဧည့်ပရိသတ်တို့က နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေ ကြကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီးနှင့် အဖွဲ့ဝင်များသည် နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာနနာယကဆရာတော် အမှူး ပြုသော ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီးကို မြန်မာ သက္ကရာဇ် ၁၂၉၀ ပြည့်နှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကျိုင်း တုံမြို့နယ်၊ ယန်းကိန်ကျေးရွာ၌ ခမည်းတော် ဦးဟောင်၊ မယ်တော် ဒေါ်နန်းပင်းတို့မှ မွေးဖွား ခဲ့ပြီး ငယ်အမည်မှာ စိုင်းရှဲန်လာဖြစ်ကြောင်း၊ ၁၂၉၉ ခုနှစ်၊ တပေါင်းလဆန်း ၁၅ ရက်တွင် ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက်ဆရာတော်ထံ၌ “ရှင်ရှဲန်လာ” အမည်ဖြင့် သာမဏေ အဖြစ်သို့ ခံယူခဲ့ကြောင်း၊ ရဟန်းအဖြစ်သို့ ရောက်ရှိချိန်တွင် အရှင် ဓမ္မသီရိ အဖြစ်အမည်တွင် ခဲ့ပါကြောင်း၊ နဂါးနှစ်ကောင်ကျောင်းတိုက်၌ စာသင်သား၊ ရဟန်း၊ သာမဏေ တို့အား အစိုး ရ ပထမပြန်နှင့် ဓမ္မာစရိယဆိုင်ရာ နေ့ဝါ ညဝါ ပရိယတ္တိစာပေများကို သင်ကြားပို့ချတော်မူ သည့်အပြင် ဓမ္မပဒ(ဂုံရှမ်းဘာသာ)၊ ပိဋကတ်သုံးပုံ(ဂုံရှမ်းဘာသာ)ကျမ်းတို့ကို ရေးသား ပြစုခဲ့ကြောင်း၊ လက်ရှိအချိန်တွင် သက်တော် ၉၁ နှစ်၊ ဝါတော် ၇၁ ဝါ ရှိပြီဖြစ်ပြီး ဆရာတော်သည် ပုန်းတွန်ကျောင်း၊ နဂါးနှစ်ကောင်ကျောင်း စသည့် ကျောင်းများအပါအဝင် ကျောင်းတိုက်ပေါင်း ၁၂ တိုက်ကို တည်ထောင်တော်မူခဲ့ပြီး ဗုဒ္ဓသာသနာထွန်းကားရေး ဆိုင်ရာများကို အားသွန်ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ဆရာတော်ကြီးသည် အဂ္ဂမဟာ ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူခြင်း၊ သက်တော်ရှည် သံဃမထေရ် ဖြစ် တော်မူခြင်း၊ ကျမ်းဂန်တတ်သိ ဗဟုသုတနှင့် ပြည့်စုံခြင်း၊ လူအပေါင်းတို့၏ အကျိုးစီးပွားကို ဆောင်နိုင်ခြင်း၊ ကျမ်းဂန်များရေးသားပြုစုခြင်း စသည်တို့နှင့် ပြည့်စုံတော်မူသောကြောင့် ယခုကဲ့သို့ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းရခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။