တိုင်းစစ်ဌာနချုပ်အသီးသီး၌(၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား၊ အဆင့်တိုးမြှင့်ခြင်းနှင့် ဆုပေးပွဲများ ကျင်းပပြုလုပ်

နေပြည်တော်၊ မတ် - ၂၈

(၇၆)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားများကို မတ် ၂၇ ရက် နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တို့၌ အသီးသီး ကျင်းပ ပြုလုပ်ကြရာ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများက တက်ရောက်မိန့်ခွန်း ပြောကြား ကြသည်။

 ထို့နောက် (၇၆)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စစ်သည်တော် ကျင့်ဝတ်ပြိုင် ပွဲများတွင် ပထမဆုရရှိကြသည့် အရာရှိ၊ စစ်သည်များနှင့် အဆင့်တိုးမြှင့်ခြင်း ခံရသည့် စစ်သည်များအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ တိုင်းမှူးများက အဆင့်တံဆိပ်များ၊ ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။