တူမီးသေနတ်များ၊ လက်လုပ်သေနတ်များနှင့် ဆူပူအကြမ်းဖက်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ အားလုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်အပ်နှံ

နေပြည်တော်  ဧပြီ  ၇

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့၊ ကျောင်းကုန်းမြို့နှင့် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့တို့အတွင်းရှိ ကျေးရွာအချို့တို့၌ ဆူပူအကြမ်းဖက်မှုတွင်အသုံးပြုသည့် လက်လုပ်သေနတ်များကိုင်ဆောင်နေကြောင်းသတင်းအရ ဧပြီ ၆ ရက်တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များရှိ တပ်နယ်အသီးသီးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ သွားရောက်၍ ဒေသခံပြည်သူများကို တရားမဝင် လက်နက်ကိုင်ဆောင်ခြင်းသည် တရားဥပဒေဖြင့် ထိရောက်စွာ  အရေးယူခံရနိုင်ကြောင်း နားလည်သဘောပေါက်အောင် ရှင်းလင်း ပြောကြားသည်။

ယင်းသို့ ရှင်းလင်းပြောကြားမှုကြောင့် ကျေးရွာနေပြည်သူများက  နားလည် သဘောပေါက်ကာ တူမီးသေနတ် ၃၂ လက်၊ လေသေနတ် ၁၁ လက်နှင့် လက်လုပ် သေနတ် ၂၅ လက်တို့ကို ၎င်းတို့သဘောဆန္ဒအလျောက် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ အသီးသီးလာရောက်အပ်နှံခဲ့ကြကြောင်း သတင်းရရှိသည်။

(၁၀၀)