တောင်ကမ္ဘာခြမ်း၏ အတောင်ပံပါ ဒိုင်နိုဆော ရုပ်ကြွင်းများကို ချီလီသုတေသီများ တွေ့ရှိ

တောင်ကမ္ဘာခြမ်း၏ အတောင်ပံပါ ဒိုင်နိုဆော ရုပ်ကြွင်းများကို ချီလီသုတေသီများ တွေ့ရှိ

တောင်ကမ္ဘာခြမ်းအတွက်  ပထမဆုံးဖြစ်သော ဂျူရက်ဆစ်ခေတ်မှ အတောင်ပံပါ ဒိုင်နိုဆောရုပ်ကြွင်းများကို ချီလီသုတေသီများက တွေ့ရှိကြောင်း သိရသည်။

တီရိုဆောဟုခေါ်သည့်    အဆိုပါ ဒိုင်နိုဆောရုပ်ကြွင်းများသည် နှစ်သန်းပေါင်း   ၁၆ဝ  ကျော်သက်တမ်းရှိကာ၂ဝဝ၉ ခုနှစ်ကတည်းက  အက်တာကာမာ သဲကန္တာရမှ  တွေ့ရှိခြင်းဖြစ်သော်လည်း ယခုမှ တရားဝင် ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

ထို့ပြင် ယင်းရုပ်ကြွင်းများသည် သမိုင်းမတင်မီ ခေတ်ကတည်ရှိခဲ့သော မဟာတိုက်ကြီး နောက်ပိုင်းမှ  တောင်ကမ္ဘာခြမ်း အဖြစ်ဖွဲ့စည်းဖြစ်ပေါ်လာသည့်    ဂေါင်ဝါနာဒေသမှ ပထမဆုံးတွေ့ရှိသည့် တီရိုဆောကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်ကြောင်း ၎င်းတို့က ယခုမှ အတည်ပြုခြင်းဖြစ်သည်။

အဆိုပါ ရုပ်ကြွင်းများကို လေ့လာမှုအရ တီရိုဆောများ၏  တောင်ပံအလျားသည် ၆ ပေအထိ ရှိကာ  ရှည်လျားသော အမြီးနှင့်  နှုတ်သီးရှည်ပါဝင်ကြောင်း    ချီလီတက္ကသိုလ်မှ သုတေသီ ဂျိုနေတန်အလာကွန်းက ပြောသည်။

အလားတူ ယခုကဲ့သို့သော ရုပ်ကြွင်းကို တွေ့ရှိမှုသည် ချီလီနိုင်ငံအတွက် သက်တမ်း အရင့်ဆုံးမျိုးစိတ်ကို ပထမဆုံး တွေ့ရှိခြင်း ဖြစ်ကြောင်း သုတေသီများက ပြောထားသည်ဟု သိရသည်။

Ref: TST